《38-1》

552 80 1
                                    

Unicode

အခန်း(၃၈ - ၁) - ဆုမျိုးနွယ်စု၏ကလေး

လွန်ခဲ့သော 13 နှစ်, ကျောက်ဖြတ်တောင်ကြားမြို့

"ထွက်သွားစမ်း!"

"ဟုတ်တယ်, မင်းကို ငါတို့နဲ့အတူတူ မကစားစေချင်ဘူး!"

ဈေးဘေးက လမ်းကြားတစ်ခုတွင် ကောင်လေးသုံးယောက်က ဝတ်ကောင်းစားလှ ဝတ်စားထားသည့် ခပ်သေးသေး ကလေးတစ်ယောက်ကို နောက်ဆုတ်သွားအောင် မောင်းထုတ်နေသည်။

ခုနှစ်နှစ်သာ ရှိသေးသည့် ဆုရှီမုံလေးက တုန်လှုပ်သွားရှာသော်လည်း သူ့ခြေဖဝါးကို ခိုင်မြဲစွာ နေရာချထားဆဲပင်။

"ဘာလို့မရရမှာလဲ?!"

ကုန်သည်သားဖြစ်သူ အနိုင်ကျင့်တဲ့ ကောင်လေးတွေရဲ့ ခေါင်းဆောင်က လက်ကိုနောက်ပစ်လိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ မင်းက မိန်းကလေးနာမည်ဖြစ်နေလို့"

ဆုရှီမုံက ရှက်သွေးဖြာသွားသည်။

"အဲ့ဒီတော့ရော? ငါမင်းကို မျှမျှတတနဲ့ ရိုက်နိုင်တုန်းပဲလေ!"

သူတို့က အခုလေးတင် ကစားပွဲတစ်ခု ကစားပြီးတာဖြစ်ပြီး ဆုရှီမုံက ထိုအသက်ပိုကြီးပြီး အရပ်ရှည်သည့် ကောင်လေးသုံးယောက်ကို အထစ်အငေါ့မရှိ ဖမ်းစီးနိုင်ဆဲပင်။ အဲ့ဒါက သူတို့ကို အံ့အားသင့်သွားစေသော်လည်း ဆုရှီမုံက သူ့နာမည်ကို ပြောလိုက်တဲ့ တစ်ခဏမှာပင် အထင်အမြင် သေးသွားကြတော့သည်။

"ဟု-ဟုတ်တယ်, အဲ့ဒီတော့ရော ဘာဖြစ်လဲ?" ခေါင်းဆောင်ဖြစ်သူက ကျယ်လောင်စွာပြောသည်။

"မင်းက ဒီအတိုင်း ကံကောင်းသွားတာ အကုန်ပဲ!"

"နောက်ဆို နောက်တစ်ခေါက် ထပ်ကစားမယ်!" ဆုရှီမုံသည်လည်း အသံကျယ်ကျယ် ပြန်အော်၏။

"ငါမင်းတို့အားလုံးကို အနိုင်ယူနိုင်ဦးမှာပဲ!"

"ဆုတောင်းလေ!"

"ကြောက်လို့လား?"

"လုပ်ပေါ့ကွာ!" ခေါင်းဆောင်ဖြစ်သူက အပေးအယူ လုပ်ခါနီး ဖြစ်သွားသော်လည်း သူတို့ထဲက သူဌေးသားတစ်ယောက်က ခေါင်းလေးထွက်လာပြီး မေးလိုက်သည်။

Cultivation Retirement Plan (BL)Where stories live. Discover now