《37-1》

603 109 4
                                    

Unicode

အခန်း(၃၇-၁) - ကြွယ်ဝသော ရိတ်သိမ်းမှု

ကျင့်ကြံသူသုံးယောက်လုံး လမ်းတစ်ဖက်က အဆောက်အဦး ခေါင်မိုးပေါ်သို့ ဆင်သက်သွားတဲ့အချိန်မှာ 'ရွှင်လန်းသောဝိညာဉ်' ဆိုင်တွင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ လမ်းမထက်မှာ လူများစုဝေးနေကြပြီး စွန့်ပစ်ထားသည့် ဒုတိယထပ်က တစ်စုံတစ်ရာအား လက်ညှိုးထိုး၍ တီးတိုးပြောနေကြ၏။ ထိုနေရာက မုန်တိုင်းဖြတ်တိုက်သွားသလိုမျိုး စားပွဲခုံနဲ့ ထိုင်ခုံများက ပြန်လန်နေကာ အစားအစာ ပန်းကန်များကလည်း မထိထားတာများ ဒါမှမဟုတ် ပြန့်ကျဲနေတာများ ဖြစ်နေ၍ မြေပြင်တစ်ခုလုံး ရှုပ်ပွသလောင်း လန်နေသည်။

"ကျွန်တော်ခင်ဗျားကို ရှာတွေ့တုန်းက အဲ့ဒီနေရာမှာ ထိုင်နေခဲ့တာလေ"

ဆုရှီမုံက စားပွဲခုံရှိရာသို့ လက်ညှိုးထိုးပြသည်။သူတို့နေရာမှ ကြည့်မယ်ဆိုရင် ထိုနေရာသည်လည်း ကျန်နေရာများလိုပဲ စွန့်ပစ်ခံထားရပုံပင်။

"အခုတော့ အဲ့ဒီမှာ ဘယ်သူမှမရှိဘူး" နန်ဝူယွဲ့က သတိပြုမိလိုက်သည်။

"ဒါပေမဲ့ လူအုပ်ကတော့ မကွဲသေးဘူး" မိုရိရွှမ်းက လမ်းမထက်က လူများအား တစ်ချက်ကြည့်လိုက်ပြီးနောက် စကားဆက်သည်။
"အနီးကပ် သွားကြည့်ကြတာပေါ့"

သို့သော် သူက လသာဆောင်ဆီ တစ်ခါတည်း တည့်တည့် ခုန်ဆင်းရမယ့်အစား အမိုး ထောင့်စွန်းတစ်လျှောက်ကိုသာ ပြေးသွားလိုက်ပြီး 'ရွှင်လန်းသောဝိညာဉ်'၏ ထောင့်တစ်နေရာရောက်မှသာ အမိုးစွန်းအား ခွာလိုက်သည်။ ထိုသို့လုပ်ခြင်းဖြင့် ထိလွယ်ရှလွယ်သည့် ကျောက်စိမ်း အပိုင်းအစလေးအား လွန်ကဲသော ချီစွမ်းအင်ကို အသုံးပြုတဲ့အချိန်မှာ ကွာခြားမှု မရှိမှာဖြစ်သလို အောက်ထပ်က လူစုလူဝေးကိုလည်း ရှောင်ရှားနိုင်လိမ့်မည်။ သို့သော်လည်း သူ့ရဲ့ ဖြူစွတ်နေသည့် အသွင်က ဖုံးကွယ်ထားရန် မဖြစ်နိုင်ဘူးလေ။ သူ့ကိုမြင်လိုက်တာနဲ့တင် စုဝေးနေတဲ့ လူအုပ်ကြားထဲမှာ အော်ဟစ်ငိုယိုသံများ လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

Cultivation Retirement Plan (BL)Where stories live. Discover now