《9》

3.2K 537 6
                                    

Unicode

အခနိး(၉) - Master Chef

သူကကျားဂူထဲကသိုးလေးတစ်ကောင်မဟုတ်ဘူးဒါပေမဲ့ကြက်ခြံထဲမှာလွတ်နေတဲ့မြေခွေးတစ်ကောင်ပဲလေ!

နန်ဝူယွဲ့ကပရိဘောဂများဖြင့်ကောင်းမွန်စွာဆင်ယင်ထားသည့်အခန်းနှင့်သူ့ရဲ့လှပတင့်တယ်သောအသေးစိတ်မှုများအားလှည့်ပတ်ကြည့်လိုက်သည်။သူကအခုချိန်မှာအအေးဒဏ်ကြောင့်ပိတ်ထားသောပြတင်းပေါက်တစ်ခု၏ဘေးရှိပိတ်ကျဲစောင်များပတ်လည်ဝိုင်းနေသည့်အိပ်ယာအကြီးကြီးတစ်ခုပေါ်တွင်လဲလျောင်းနေခြင်းဖြစ်သည်။များပြားလှသည့်ဖယောင်းတိုင်များကအိပ်ခန်းထဲသို့အလင်းရောင်ပေးနေပြီးကျယ်ပြန်သည့်နေလွတ်များစွာရှိနေသော်လည်းသက်တောင့်သက်သာဖြစ်သည့်ခံစားမှုကိုပေးစွမ်းနိုင်သည်။ စုတ်တံ၊ မင်၊ စက္ကူအလွတ်များဖြင့်သပ်သပ်ရပ်ရပ်ခင်းကျင်းထားသည့်စားပွဲတစ်လုံးရှိနေပြီးပိုင်ရှင်ကအချိန်မရွေးစာရေးနိုင်ရန်အသက်ပြင်ထားသည့်ပုံပေါ်ကာစင်များပေါ်တွင်လည်းမိုရိရွှမ်း၏အနှစ်သက်ဆုံးစုဆောင်းမှုများဖြစ်သည့်ပုလင်းများပန်းအိုးများဖြင့်ပြည့်နှက်နေ၏။

ကြယ်စံအိမ်ဂိုဏ်းကလွန်ခဲ့သည့်နှစ်တစ်ရာကမှတည်ထောင်ခဲ့ခြင်းဖြစ်ပြီးသူ့ရဲ့အသက်နှင့်ဆိုရင်ငယ်ရွယ်သည်ဟုသတ်မှတ်နိုင်သည်။၎င်း၏ပထမဆုံးဂိုဏ်းချုပ်ဖြစ်သူကသူ့ရဲ့တပည့်ငါးဦးအားသူတို့၏ရန်သူများကိုပြင်းထန်စွာတိုက်ခိုက်ခိုင်းခဲ့ပြီးတိုက်ပွဲအပြီးမှာတော့ Nine Heavens Range နှင့်သူ့ရဲ့တောင်ကြားဒေသများကိုသိမ်းပိုက်လိုက်သည်။နောက်ပိုင်းတွင်တော့နောက်ထပ်ကျင့်ကြံသူလေးယောက်ပါသူတို့နှင့်အတူပူးပေါင်းလိုက်ပြီးသူတို့တစ်ယောက်ခြင်းဆီကတောင်ကိုးလုံး၏တောင်သခင်တစ်ယောက်ဆီဖြစ်လာ၏။ဂိုဏ်းချုပ်ဟောင်းကွယ်လွန်ပြီးသည့်နောက်မှာတော့အကြီးဆုံးစီနီယာအကိုကြီး ဖေးချန်လင်းကခေါင်းဆောင်ဖြစ်လာပြီး သူ့ရဲလင်းလုန်တောင် (綾龍) သခင်နေရာအားသူ့ရဲ့အသန်မာဆုံးတပည့်ကိုပေးလိုက်သည်။တစ်ခြားတစ်ဖက်တွင်တော့ဒုတိယစီနီယာအကိုကြီးအိုးရန်ချောကတောင်သခင်ဖေးချန်လင်း၏နေရာတွင်အဓိကအထင်ကရဆရာတစ်ယောက်ဖြစ်လာ၏။

Cultivation Retirement Plan (BL)Where stories live. Discover now