《2》

5.8K 815 20
                                    

Unicode

အခန်း(2) - မျောပါခြင်း၊ မျောလွင့်ခြင်း

နန်ဝူယွဲ့ရဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်...သူ့မှာဘာမှဆုံးရှုံးစရာမရှိဘူးလေ...

သူ့ဆရာကသူ့ကိုဒေါသတကြီးပစ်ထုတ်လိုက်တာပဲဖြစ်ဖြစ်..ဂိုဏ်းချုပ်ရှေ့မှာသူ့ဒေါသကိုထုတ်ပြမိပြီးမျက်နှာလွှဲလိုက်တာပဲဖြစ်ဖြစ်၊ဒါမှမဟုတ်ဂိုဏ်းချုပ်ကအရင်ရောက်လာပြီးသူ့ဆရာကိုလူသားချောင်းလိုဖက်ထားတာကိုတွေ့သွားလို့အဲ့ဒါကမိုရိရွှမ်းကိုရှက်သွားစေပြီးသူတို့နှစ်ယောက်လုံးကိုမောင်းထုတ်လိုက်တာပဲဖြစ်ဖြစ်ပေါ့...

ဘယ်လိုအခြေအနေပဲဖြစ်နေပါစေထိုအရာသည်ကြိုးစားမှုတစ်ခုသက်သက်သာဖြစ်ပြီးတကယ့်အဖြစ်မှန်ကမိုရိရွှမ်းလိုကိုယ့်ကိုကိုယ်အရမ်းဂုဏ်ယူပြီးသူ့ကိုအဆင်မပြေစေသည့်အရာအားလုံးအားရွံမုန်းတက်သောသူအတွက်ကတော့အနေခက်သည့်ပုံစံသာဖြစ်သွားစေမှာဖြစ်သည်။သူကအရည်အချင်းအနည်းငယ်သာရှိသော်လည်းသူ့ကိုယ်သူအေးစက်ပြီးထာဝရရှင်သန်သူပုံစံကိုဖြစ်အောင်ကြိုးကြိုးစားစားထိမ်းသိမ်းထားခဲ့သည် ။ သူကလည်းအရမ်းကိုနုံခဲ့သောကြောင့်သူ၏အတိတ်ဘဝတုန်းကနန်ဝူယွဲ့မှာထိုလူ၏အပေါ်ယံဖုန်းကွယ်ထားမှုကိုမမြင်နိုင်ဖြစ်ခဲ့ရ၏။သို့သော်လည်းအခုတော့အရင်လိုလှည့်စားမှုအဟောင်းတွေအောက်မှုကျရှုံးဖို့အတွက်ကသူကအရမ်းကိုစိတ်အားထက်သန်မှုရှိနေပြီလေ....ထို့ကြောင့်သူကရိုးရိုးလေးသာတွယ်ကပ်နေပြီးဘုန်းကျက်သရေပြုတ်ကျလာမည့်အချိန်ကိုစောင့်နေလိုက်သည်။

မိုရိရွှမ်းကခဏမျှတွန်းထုတ်နေမိသော်လည်းထိုသို့လုပ်ဆောင်မှုကအကျိုးမဖြစ်သည့်အခါမှာတော့သူကဒီအတိုင်းအရှုံးပေးလိုက်ပြီးလုပ်နေကြအတိုင်းသာမတ်တပ်ရပ်နေလိုက်တော့သည်။

'စီးဆင်းနေမှုကိုမရပ်တန့်နိုင်ဘူးဆိုရင်ဒီအတိုင်းကိုယ့်ကိုဆေးကြောပြီးဖြတ်သန်းပြီးသွားအထိစောင့်နေလိုက်တာကအကောင်းဆုံးဖြစ်၏'

မနှစ်မြို့စရာကောင်းသည့်အရာတစ်ခုကဲ့သို့ထူးဆန်းသည့်လူငယ်လေးကသူ့ခေါင်းကိုရွေ့လိုက်ပြီးလေထဲမှာပျံသန်းနေကြသည့်ကျင့်ကြံသူများကိုကြည့်လိုက်သည်။

Cultivation Retirement Plan (BL)Where stories live. Discover now