《10》

3.3K 549 15
                                    

Unicode

အခန်း(၁၀) ရှစ်စွမ်းမင်းရဲ့အမှားတွေကိုသိတယ်

နန်ဝူယွဲ့ကပြောပြီးပြီးခြင်းပဲသူပြောလိုက်တာကိုနောင်တရသွားသော်လည်းမိုရိရွှမ်းကသူခေါ်တာကိုကြားပြီးနေခဲ့ပြီဖြစ်၏။သူကခေါင်းကိုပြန်လှည့်လိုက်ပြီးမေးခွန်းထုတ်သည့်ပုံဖြင့်ပြန်ကြည့်လိုက်သည်မှာလက်ထဲတွင်လင်ဗန်းကိုင်ထားသည့်ဂရုစိုက်တတ်သောအစေခံလေးဖြင့်ပင်တူနေသေးတော့သည်။တစ်ခုတည်းသောမတူညီသည့်အရာကထင်ယောင်ထင်မှားဖြစ်စေနိုင်သောဂရုမစိုက်တတ်သည့်အကြည့်တစ်ခုတည်းသာဖြစ်သည်။

"အင်း?" မိုရိရွှမ်းကမေးလိုက်သည်။

နန်ဝူယွဲ့သူ့နှတ်ခမ်းများကိုစိုစွတ်စေလိုက်မိတော့သည်။

သူဘာဖြစ်လို့အခုခေါ်လိုက်မိရတာလဲ?ဒါကပင်ကိုအသိစိတ်ကမွေးဖွားလာတဲ့တွန်းအားတစ်ခုပဲဖြစ်ရမယ်-သူ့ဆရာပြန်မထွက်သွားစေဖို့သေချာတဲ့တွန်းအား....ဒါပေမဲ့သူကအဲ့ဒီဆင်ခြေကိုသုံးမယ့်အစားအသေပဲခံလိုက်မယ်....

"မ...မနက်ဖြန်ကျရင်ကျွန်တော်နောက်တစ်ခါထပ်ပြီးစလေ့ကျင့်ရမှာလား?" သူကထိုစကားကိုသာမေးလိုက်သည်။

မိုရိရွှမ်းကသူ့ကိုရှည်လျားသည့်အကြည့်တစ်ချက်သာပေးလိုက်၏။

သိပြီအဲ့ဒီတော့အဆုံးမှာသူကသူ့ရဲ့ကျင့်ကြံမှုနဲ့ပတ်သတ်ပြီးစိတ်ပူနေသေးတာကိုး...လက်ခံပေးလိုက်တာကပိုကောင်းပါတယ်လေ..

"အင်း"

နန်ဝူယွဲ့ကသူ့နှဖူးများကိုတွန့်ချိုးလိုက်မိတော့သည်။

"ဒါဆိုရှစ်စွမ်း.....ကျွန်တော်အရင်ကအစီအစဉ်အတိုင်းပဲဆက်လုပ်လိုက်မယ်"

သူကမိုရိရွှမ်းဆီမှာလက်မခံမှုတစ်စုံတစ်ရာများရှိမလားလို့စောင့်နေလိုက်မိသော်လည်းသူ့ဆရာကစကားတစ်ခွန်းမပြောပဲခေါင်းညိမ့်ပြလိုက်သည့်အခါမှာတော့စိတ်ပျက်မှုတစ်ခုပဲဖြစ်ပေါ်သွားတော့သည်။

သိပြီအဲ့ဒီတော့အဆုံးမှာသူကဒီလိုတစ်ချိန်လုံးသရုပ်ဆောင်နေခဲ့တာကငါ့ကိုရွှံ့ထဲနောက်တစ်ခါပြန်ပြီးပစ်ထည့်မလို့ပဲပေါ့လေ!

Cultivation Retirement Plan (BL)Where stories live. Discover now