《16》

3.4K 417 28
                                    

Zawgyi

အပိုင်း(၁၆) - နာကျင်ရတဲ့အပိုင်း

မိုရိရွှမ်းမှာရပ်လိုက်ရသည်။သူ့ရဲ့လူမှု ဆက်ဆံရေးကအတော်လေးဆိုးရွား သော်လည်းဒီလူစိမ်းကသူ့ကိုမကြိုက်ဘူး ဆိုတာကိုတော့သူ့အသံကိုနားထောင်တာ တောင်သိနိုင်သည်။

ကောင်းပြီအနည်းဆုံးတော့သူ့အတွက် လူစိမ်းပဲ...မူလမိုရိရွှမ်းကဘာတွေ လုပ်ထားလဲဆိုတာဘယ်သူကသိမှာလဲ

"မင်း"

သူကစကားစလိုက်သော်လည်းအများကြီး ထပ်မပြောရသေးခင်မှာပင်ထိုလူကကြမ်း တမ်းသည့်ရယ်မောမှုတစ်ခုဖြင့်ဖျတ်ဆီး လိုက်သည်။

"အဲ့ဒါကပိုပိုပြီးကောင်းလာနော်..မ ဟုတ်ဘူးလား?" သူကမထီမဲ့မြင်ပြုဟန်ဖြင့်ဆက်ပြော လိုက်သည်။

"'စီနီယာအကိုကြီး'ကနေ'တောင်သခင်ကျွင်း' ပြီးတော့အခုရိုးရှင်းတဲ့နာမ်စားနဲ့တဲ့လား? မင်းလျှာကအရမ်းထက်မြက်နေတာ မဟုတ်ဘူးလားမိုရိရွှမ်း"

ငါစကားတစ်ခွန်းပဲပြောရသေးတယ်လေ

မိုရိရွှမ်းကသူ့ဘာသာသူကန့်ကွက်ပြော လိုက်သည်။သူကအဲ့ဒါကိုမေ့ပစ်ရန် ဆုံးဖြတ်ပြီးရိုးရိုးရှင်းရှင်းဖြတ်ကျော် သွားရန်စဉ်းစားလိုက်သော်လည်းထိုလူ ကသူ့လက်ကိုမြှောက်လိုက်ပြီးသူ့ကို တားဆီးလိုက်သည်။မိုရိရွှမ်းကသူ့မျက် ခုံးကိုမြှင့်ကြည့်လိုက်သော်လည်းထိုလူ ကနောက်တစ်ခါထပ်ရယ်မောလိုက် ပြန်သည်။

"ငါတို့မပြီးသေးဘူးလေဂျူနီယာညီလေး.. ငါ့ကိုဟာသလေးဘာလေးပြောပြီးခဏ နေပါဦး"

မိုရိရွှမ်းကသူ့ကိုဒေါသဖြင့်ကြည့်လိုက် ပြီးပြန်ပြောတော့သည်။

"ပြီးခဲ့တဲ့ငါးမိနစ်အတွင်းမင်းငါ့ကို မတူညီတဲ့ပုံစံသုံးမျိုးနဲ့ခေါ်တယ်"

"အဲ့ဒါကဘာတွေများလဲ?" တောင်သခင်ကျွင်းကမနာခံသည့်ပုံစံ ဖြင့်ပြန်မေးလိုက်သည်။

"အဲ့ဒီတော့ငါကရောမင်းကိုမင်းရဲ့ 'ထက်မြက်လှတဲ့လျှာ'ကိုချီးကျူး ပေးရမှာလား?"
မိုရိရွှမ်းကအလေးအနက်ပုံစံဖြင့် ဟာသလုပ်ပြောလိုက်လေ၏။

Cultivation Retirement Plan (BL)Where stories live. Discover now