《26》

1.5K 223 9
                                    

Unicode

အခန်း(26) - ဆုအိမ်တော်မှသံသယဖြစ်ဖွယ်ရာများ

မိုရိရွှမ်းကအခိုင်အမာပြန်ပြောလိုက်ရင်းသူ့နှုတ်ခမ်းများကတစ်ပြေးတည်းဖြစ်သွားသည်။

"ကျုပ်တို့ကြယ်စံအိမ်ဂိုဏ်းဆီကိုဆုမျိုးနွယ်စုခေါင်းဆောင်ရဲ့တရားဝင်တံဆိပ်နဲ့အကူအညီတောင်းခံလာတာပါ"

ဆုရှီယွီကခံစားချက်ကင်းမဲ့သည့်ပုံစံဖြင့်ပင်လက်ဖက်ရည်ကြမ်းတစ်ငုံသောက်လိုက်သည်။

"တာအိုသခင်မိုကမှားသိထားတာဖြစ်ပါလိမ့်မယ်....ကျုပ်တို့အကူအညီအတွက်ဘယ်လိုတောင်းဆိုမှုကိုမှမလုပ်ခဲ့ပါဘူး...ဒီလမ်းတစ်လျှောက်လုံးကိုမှားယွင်းနားလည်မှုတစ်ခုနဲ့ရောက်လာခဲ့ရတာကိုတကယ်ပဲစိတ်မကောင်းပါဘူးဗျာ"

မိုရိရွှမ်းကတိတ်ဆိတ်သွားသည်။အိုးရန်ချောကဂျိုကာတစ်ယောက်ဆိုပေမယ့်ဒီလိုရှုပ်ထွေးပွေလီတဲ့နောက်ပြောင်မှုတွေထိတော့သွားမှာမဟုတ်ဘူး..

"အကယ်၍တာအိုဆရာအဆင်ပြေမယ်ဆိုရင်ကျုပ်တို့ဆီမှာခင်ဗျားတို့ရဲ့ဂိုဏ်းကိုအကျိုးရှိစေမယ့်ကျောက်စိမ်းနမူနာတစ်ချို့ရှိပါတယ်..လက်ဖက်ရည်ကြမ်းသောက်ပြီးရင်ရွေးချယ်ကြည့်လို့ရတယ်"

ဆုရှီယွီကအတော်လေးယဉ်ကျေးသော်လည်းသူ့ရဲ့ကမ်းလှမ်းမှုကမိုရိရွှမ်းကိုစိတ်မလှုပ်ရှားစေပေ။အဲ့ဒီအစားတောင်သခင်ကအကူအညီတောင်းခံစာကိုထုတ်ယူလိုက်ပြီးလေထဲသို့ပစ်ထုတ်လိုက်တာကြောင့်ဆုရှီယွီရဲ့စားပွဲရှိရာကိုဖြေးညှင်းစွာမျောလွင့်သွားသည်။

"ဆရာဆုကဒါကိုသေချာလေးကြည့်ပေးဖို့တောင်းဆိုပါရစေ...အကယ်၍ဒါသာလိမ်လည်မှုဆိုရင်စုံစမ်းစစ်ဆေးရမှာမို့လို့ပါ"

မိုရိရွှမ်းရဲ့အသံကချောမွေ့နေသည်။

ဆုရှီယွီကစာရွက်အားယဉ်ကျေးစွာပင်လက်ခံလိုက်ပြီးအထဲမှာပါတဲ့စာပါအကြောင်းအရာများကိုဖွင့်ဖောက်စစ်ဆေးလိုက်ကာခဏလောက်အကြာမှာပြောလာ၏။

"ဒါကတကယ့်ကိုကျုပ်တို့ဆုမျိုးနွယ်စုရဲ့စည်းတံဆိပ်ပါဒါပေမဲ့,အသုံးပြုထားတဲ့မှင်ကအလယ်ပိုင်းဘုံကိုပို့နေကျစာတွေထက်နက်နေပြီးတော့လက်ရေးလက်သားကလည်းမတူဘူး"

Cultivation Retirement Plan (BL)Where stories live. Discover now