EP5

2.9K 106 0
                                    

သခင်လေးရဲ့ကချေသည် 

အပိုင်း ၅

မနက်စာထမင်းစားနေရင်း မျက်နှာမကောင်းတဲ့
နေမခကို ဦးချမ်းသာမြင်ပြီး မေးလိုက်သည်

"မြေးငယ်စားလို့မကောင်းဘူးလား မျက်နှာလည်းမကောင်းဘူး '

"ကောင်းပါတယ်အဖိုး ''

ဇွဲထက်နိုင် နေမခကိုကြည့်လိုက်ပြီး

"အဖိုးကျွန်တော်တစ်ခုခွင့်တောင်းချင်လို့ ''

"အင်းပြောလေ မြေးကြီး ''

"ကျွန်တော်ပြန်ရောက်တဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ အပန်းဖြေဟိုတယ်တစ်ခုမှာ ပါတီပွဲလုပ်ချင်တယ်အဖိုး သူငယ်ချင်းတွေအပါအဝင်ဝန်ထမ်းတွေနဲ့ပါ အကောင်းဆုံးပွဲကိုကျင်းပချင်တယ် ''

"အပန်းဖြေဟိုတယ်တွေကအများကြီး ဘယ်အပန်းဖြေဟိုတယ်မှာလုပ်ချင်နေတာလဲ ''

"ပြည်ဦးလွင်မှာလုပ်ချင်တဟ် ကျွန်တော်တို့အဲ့မှာတညဘဲအိပ်မှာပါအဘိုး နေလင်းကမရှီဘူးဆိုတော့ နေမခကို ခေါ်သွားချင်တယ် အဖိုး "

"ညီအစ်ကိုတွေဘဲသွားရမှာပေါ့ ဝန်ထမ်းတွေလည်းအရမ်းပျော်သွားမယ့်ကိစ္စဘဲ ပြည်ဦးလွင်ကို သားငယ်  မရောက်တာကြာပြီး ဝန်ထမ်းတွေကို ဂရုမစိုက်မိသလို့ဖြစ်နေတယ် သားငယ်လိုက်သွား''

ဦးထက်ယံသားဖြစ်သူကိုပြောလိုက်သည်

''အဖေမြေးကြီးက အရမ်းတော်တယ်နော် သူများမစဉ်းစားတာကို စဉ်းစားမိတယ် ''

ဒေါ်စံပယ်က သားဖြစ်သူကို့ အမွန်းတင်လိုက်သည်

"အားလုံးထောက်ခံနေမှတော့ခွင့်ပြုရမှာပေါ့ တကယ်ဆို ငါ့မြေးငယ်နဲ့တစ်ရက်ခွဲပြီး နေချင်တာမဟုတ်ဘူး ''

"အဖိုးနဲ့ ကျွန်တော်လည်းမခွဲချင်ဘူး  ကျွန်တော့်မလိုက်တော့ဘူး အစ်ကို''

နေမခအကင်းပါးစွာပြန်ဖြေလိုက်သည်

"သားငယ်!  ''

"အဟွတ်..ဟွတ် ကျွန်တော်နေသိပ်မကောင်းချင်ဘူး "

နေမကောင်းတာကိုအကြောင်းပြပြီးရအောင်ရှောင်ထွက်ချင်တယ်ပေါ့ နေမခ ဒီလိုဘယ်ရမလဲ

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now