EP21

1.7K 77 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၁

သခင်လေး ကျွန်တော့်ကိုအမြဲတမ်းထမင်းခွံကျွေးခိုင်းပြီး ညဆို စောစောအိပ်ပျော်သွားသည် ဒီမြို့ကအရမ်းအေးလို့ သခင်လေး အအိပ်မက်နေတာလား

"သခင်လေး..သခင်လေး "

"ဟင်.."

"အိပ်ချင်နေပြီလား ကျွန်တော့်နဲ့စကားပြောပါအုန်း "

"အင်း.."

"သခင်လေး "

"အင်း "

"တော်တော်အိပ်ချင်နေတာပဲ..ဒီမြို့ကိုထွက်ပြေးလာမိတာ မှားပြီလား "

မိုးထက်သာ ထုံးစမ်းအတိုင်းသခင်လေးကိုနဖူးကို နမ်းပြီးပဲ အိပ်လိုက်ရသည်

🏡🏡🏡

"သခင်လေး ကျွန်တော့်သွားပြီနော် "

" အင်း မိုးထက်  "

မိုးထက်ထွက်သွားတာနဲ့ သူရှမ်းခေါ်ဆွဲထစားပြီး  သူ့လက်ကို ကြည့်မိသည်

"ဟူး...ငါလက်ကဘာကြောင့်ချက်ခြင်းကြမ်းလာရတာလဲ "

နေမခ ရှမ်းခေါက်ဆွဲစားပြီး စိုင်းလုံအိမ်ကိုထွက်လာခဲ့လိုက်သည်

"အစ်ကို မနက်စာစားလာပြီလား "

"အင်း စိုင်းလုံ မနေ့ကငါ့ထိ ငါလုပ်တဲ့အုတ်တွေက ပုံစံပျက်ယွင်းနေတုန်း ဒါတောင်မင်းကငါ့ကို နေ့စားခ ရှင်းပေးတယ် ဒီနေ့တော့ ငါအုတ်ဖိုးရအောင်ယူမယ် "

"ဟုတ်ကဲ့အစ်ကို..အစ်ကိုက ဇွဲရှီပြီး စိတ်ဓာတ်ခိုင်မာတာပဲ ကျွန်တော့်ကြိုက်တယ်  "

"ဟင်.."

စိုင်းလုံစကားကိုနေမခ ဂရုမစိုက်တော့ပဲ အလုပ်ကိုပဲ အာရုံစိုက်လိုက်သည်

🏡🏡🏡

" သခင်လေး..ဘယ်သွားပါလိမ့်  "

အလုပ်ကနေ့ခင်းအစောနားလို့ အိမ်ကိုပြေးလာမိရာမှ သော့ခတ်ထားတာကို တွေ့ရသည်

"သခင်လေး ဘယ်သွားတာပါလိမ့်  "

" မိုးထက် "

နေမခလှေကားပေါ်တက်ပြီး မိုးထက်ကိုခေါ်လိုက်ကာ သော့ကိုလှမ်းပေးလိုက်သည် မိုးထက်သော့ယူပြီး အိမ်တံခါးဖွင့်လိုက်သည်

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now