EP7

2.4K 89 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၇

နေမခအိပ်နေရင်းနဲ့ပူလွန်းလို့ ရုန်းနေသည်

"သခင်လေး သခင်လေးအဆင်ပြေရဲ့လား ''

"ပူတယ် အင်္ကျီချွတ်ပေးပါ ''

"သခင်လေး ခဏနော် ''

မိုးထက်သာ တပတ်ကိုရေစွတ်လာပြီး သခင်လေးရဲ့ အပေါ်အင်္ကျီကိုချွတ်ကာ ရေပတ်တိုက်ပေးလိုက်သည်
အဝတ်အိတ်ထဲက အပါးဆုံးအင်္ကျီ
ကိုလိုက်ရှာလိုက်ပြီး သခင်လေးကို ဝတ်ပေးလိုက်သည် 

" သခင်လေး "

သခင်လေးအဆင်ပြေသွားတယ်ထင်တယ် ပြန်အိပ်ပျော်သွားသည်

🏬🏬🏬

ကျွန်တော်နိုးလာတော့ မိုးထက် ကျွန်တော်လက်ကိုကိုင်ပြီး ကုတင်ပေါ်မှာမှောက်ရပ်အိပ်နေသည် သူတစ်ညလုံးဒီမှာအိပ်တာလား ငါကရော့ပါတီပွဲကနေ အိပ်ခန်းထဲဘယ်လိုရောက်နေပါလိမ့်

"အား..ကျွတ် "

"သခင်လေး ဘာဖြစ်တာလဲ ''

နေမခခေါင်းကိုက်လို့ အသံထွက်လိုက်တာကြောင့် မိုးထက်သာ နိုးလာပြီး စိုးရိမ်တကြိးမေးနေသည်

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြားတာနဲ့ မိုးထက်သွားဖွင့်လိုက်သည် ဝင်လာသူကသူရိန်

"သခင်လေး သက်သာရဲ့လား ''

"ဘာတွေဘယ်လို့ဖြစ်တာလဲ ''

သူရိန် ညကဖြစ်ပျက်တာအကုန်လုံးပြန်ပြောလိုက်သည်

"အဲ့တော့ မိုးထက်က အစ်ကို့ကိုထိုးခဲ့တာပေါ့ ''

"ဟုတ်ကဲ့ သခင်လေး ''

"ဝန်ထမ်းက သူဌေးကိုထိုးတဲ့အပြစ်ကဘယ်လောက်ကြီးတယ်မှတ်တုန်း မင်းနားမလည်ဘူးလား ''

"မိုးထက်ထိုးတာမှန်တယ်လို့ ကျွန်တော်တော့ထင်တယ်  သူအရမ်းအကြံပတ်စက်တယ်သခင်လေး''

" မှန်တယ်မှားတယ်ပြောနေရမဲ့အခြေအနေမဟုတ်ဘူးသူရိန် ငါက သူ့ကိုစိုးရိမ်လို့ပြောတာ "

" ကျွန်တော်က သခင်လေးကိုကာကွယ်လိုက်တာပါ ပြီးတော့ ကျွန်တော့် သတ္တိမနည်းကြောင်းပြရမယ်လေ "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Donde viven las historias. Descúbrelo ahora