EP34

1.5K 55 2
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၄

" ခင်ဗျားပြန်တော့မလို့လား "

နေမခမိုးထက်သာကို အိမ်ကိုအရောက်မောင်းပို့ပြီး သူ့ကားပေါ်တက်ဖို့အလုပ် မိုးထက်သာ အမေးကြောင့် ကားတံခါးပြန်ပိတ်လိုက်သည်

" ဘာခိုင်းအုန်းမလို့ပဲ "

"ကျွန်တော့်ခင်ဗျားကို ဝေရာဝစ္စဘယ်လိုတွေတောင် လုပ်ပေးခဲ့လဲ့ ခင်ဗျားမေ့သွားပြီလား "

" ငါမမေ့ပါဘူး မနက်ဖြန်ကစပြီးစောလာပေးပါမယ် ညနေတော့ ငါစောပြန်ချင်တယ် "

" ဘာလို့လဲခင်ဗျားမိန်းမနဲ့သားမျှော်နေမှာ ကြောက်လို့လား "

သူ့မျက်စီက ညကားမောင်းဖို့အဆင်မပြေဘူး ဒါကိုဘယ်လိုပြောရမှာလဲ

"ဟုတ်တယ် သားလေးကိုကတိပေးထားတယ် သူအတွက်အရုပ်ဝယ်လာပြီး စောစောပြန်လာမယ်လို့ "

" ကျွန်တော့်ရေချိုးချင်တယ် ပြင်ပေးပါ "

နေမခ သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်

" ကျွန်တော့်နောက်ကလိုက်ခဲ့ "

မိုးထက်သာခေါ်ရာနောက်လိုက်သွားတော့ မိုးထက်သာအခန်းက သူ့အခန်းနဲ့အပြင်အဆင်ခြင်းတူသည် သူ့မိုးထက်သာ ရေစိမ်ဖို့ ရေစပ်ပေး အမွှေးဆီထည့်ပေး ပန်းအနည်းငယ်ပါ ထည့်လိုက်သည်

" အစေခံလုပ်တဲ့အလုပ်တွေကို ခင်ဗျားကောင်းကောင်းလုပ်တက်သားပဲ "

" မင်းဝတ်ဖို့အဝတ်အစားထုတ်ခဲ့ပေးပါမယ် ငါပြန်တော့မယ် "

" ကျွန်တော့်မေးချင်တာရှီတယ် ကျွန်တော့်ဆီမှာအလုပ်လုပ်ဖို့လာတာကို ခင်ဗျားအိမ်ကိုအသိမပေးပဲလိမ်ခဲ့တာလား "

" မလိမ္ခဲ့ပါဘူး "

" မလိမ်ခဲ့ဘူးဆို ခင်ဗျားမိဘတွေက ခွင့်ပြုတယ်ပေါ့ "

"ငါ့..ငါအမေဆုံးသွားပါပြီ "

" ဗျာ! "

" ငါကြောင့်ငါအမေဆုံးသွားပြီ..ငါအဖေလည်း.."

နေမခဆက်မပြောတော့ပဲ မျက်ရည်ကျလာသည်

"သခင်လေး! "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now