EP13

1.9K 82 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၃

ကျွန်တော်နိုးလာတော့ မိုးထက်သာကျွန်တော်လက်ကိုကိုင်ပြီး ပြုံးပြနေသည် သူအပြုံးက ဆွဲဆောင်မှုရှီလိုက်တာ ငါနေမကောင်းနေလို့ အမြင်မှားနေတာလား မိုးထက်သာက ယောက်ကျားလေးလေ သတိထားစမ်း နေမခ

"သခင်လေးနိုးလာပြီလား ''

" ချစ်ဖို့ကောင်းတယ် ''

"ဗျာ သခင်လေး ဘာပြောတာလဲ ''

နေမခခေါင်းရမ်းလိုက်သည်

"ဘာမှမဟုတ်ဘူး "

နေမခထဖို့လုပ်တော့ မိုးထက်သာထူပေးလိုက်သည်

"ဗိုက်မဆာဘူးလား သခင်လေး ဘာစားချင်လဲ ''

"မဆာဘူး မိုးထက် ''

"သခင်လေးအခုထိဘာမှ ဟုတ်တိပတ်တိစားတာ မရှီသေးဘူး တစ်ခုခုစားပါ သခင်လေး ''

"ငါလေညင်းခံထွက်ချင်တယ် ဒါပေမဲ့ငါလှုပ်လို့မရဘူး မင်းငါကိုလိုက်ပို့ပေးနိုင်မလား ''

"အပြင်မထွက်ပါနဲ့ အဆာစားဖို့ပြောနေတယ်လေတခုခုစားပါ သခင်လေး ''

"အဲ့ဒါဆိုအပြင်ထွက်ပြီးတစ်ခုခုစားမယ်လေ လိုက်ပို့ပေးပါနော် ''

သခင်လေးတောင်းဆိုနေတာ တကယ်ကလေးလေးအတိုင်းပဲ ကျွန်တော် သခင်လေးဆန္ဒကို မဖြည့်ဆည်းပဲမနေနိုင်တော့ဘူး

"ကျွန်တော်ကားပေါ်မှာ ဝှီးချဲသွားတင်လိုက်အုန်းမယ် အပြင်ရောက်ရင် သခင်လေးလိုမှာ''

"အင်း သူရိန်ကိုလွှတ်လိုက်ငါ အဝတ်အစားလဲဖို့''

"ဟုတ်ကဲ့ သခင်လေး ''

သူရိန်ကိုသခင်လေးအခန်းထဲလွှတ်လိုက်ပြီး သူကတော့ ကားကိုစံအိမ်ရှေ့ထုတ်ထားလိုက်သည် အခန်းထဲပြန်ရောက်တော့ သခင်လေးကအဆင့်သင့်ဖြစ်နေပြီဖြစ်သည်

"တကယ် ကျွန်တော်ကိုမလိုက်ခိုင်းဘူးလား သခင်လေး ''

"အင်း မလိုက်နဲ့ အဖေ တို့မေးရင် အပြင်ထွက်ပြီး တခုခုသွားစားတယ်ပြောလိုက်''

သူရိန်ကိုသူမှာခဲ့လိုက်သည်

"ကားထုတ်ထားပြီ သွားရအောင်သခင်လေး ကားဆီသို့ ကျွန်တော်ကုန်းပိုးမယ်သခင်လေး ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now