EP27

1.6K 69 2
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၇

ငါးနှစ်ခန့်ကြာသော်

ကုတင်ပေါ် အိပ်ပျော်နေတဲ့ သခင်လေးကို မထမချင်းနှိုးနေတဲ့ Baby သေးသေးလေး ဘယ်လောက်နှိုးနှိုး အိပ်ရာက မထတဲ့ အိပ်ပုတ်သခင်လေး နောက်ဆုံး Babyလေးလက်လျှော့ပြီး သူအဖိုးအခန်းထဲ ပြေးဝင်သွားသည် ကျွန်တော်လည်း သူနောက်က လိုက်ရင်း

" ဖိုးဖိုး သား Daddy ကို သွားနိုးတာ
မထဘူး ''

" ကလေးလေးနှိုးနေတာတောင်မှ မြေးလေးက မထဘူးပေါ့ ''

" သခင်လေးက ညက စာရင်းတွေစစ်နေလို့ အိပ်တာ နောက်ကျသွားတယ် Baby လေးရဲ့ ''

သူရိန်ကလေးလေးကို နမ်းပြီးပြောလိုက်သည်

" မြေးလေးကို အိပ်ရာထရင်ဆေးတိုက်ဖို့မမေ့နဲ့ သူရိန်''

" ဟုတ်ကဲ့ သခင်ကြီး ''

" Sunny လေး ဖိုးဖိုးနဲ့ဆော့မယ်နော် ''

" ဖိုးဖိုး ဆင်ကြီးလုပ်ပေးရမှာနော် သားဆင်ကြီးစီးမှာ ''

ဦးချမ်းသာလက်ထောက်ဒူးထောက်ကဟ ကုန်းလိုက်သည်

" ဆင်ကြီးလာပြီနော် ဘယ်သူလိုက်မလဲ ''

" သားသားလိုက်မှာ ''

Sunny လေး ဖိုးဖိုးကြီး ကျောပေါ်တက်ပြီး ပျော်မြူးနေသည်

( Sunny ဆိုတာ နေသာသောလို့ အဓိပ္ပာယ်ရတယ် အဲ့ဒါကြောင့် ကလေးလေးနာမည် မပြောင်းတော့ပါဘူးနော် "

❤️❤️❤️

နေမခအိပ်ရာက နိုးနိုးခြင်း ခေါင်းကိုက်သဖြင့် ခေါင်းကို လက်နဲ့နှိပ်နေသည်

" နိုးပြီလား ကိုကို''

နေမခခေါင်းညိတ်လိုက်သည်

" ဆေးသောက်လိုက်အုန်းနော် ''

နှင်းပွင့်ဖြူပေးတဲ့ဆေးကိုသောက်ပြီး ရေချိူးခန်းထဲဝင်လိုက်သည် ရေချိုးပြီးအဝတ်အစားလဲပြီးတော့ ဖြူကပဲ စားပွဲပေါ်မှာမနက်စာပြင်ထားသည်

"ကိုကိုအကြိုက်လုပ်ပေးထားတယ် အားရှီအောင် ကုန်အောင်စားပေးနော် ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now