EP22

1.7K 70 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၂

"အဟွတ်..ဟွတ် "

"ချောင်းဆိုးနေပါ့လားအစ်ကို "

စိုင်းလုံပြောလည်းပြောသူနဖူးကိုလာစမ်းနေသည်

"ကိုယ်ပူနေတာပဲ "

"အစ်ကိုဘာမှမဖြစ်ပါဘူး "

" မလုပ်နဲ့တော့အစ်ကို.. ဟိုမှာသွားထိုင်နေ "

"မလုပ်လို့မရဘူး စိုင်းလုံ "

" အစ်ကိုရယ် ကျွန်တော့်ပြောတာနားထောင်စမ်းပါ "

စိုင်းလုံသူ့လက်ကိုလာကိုင်ပြီးပြောနေသည်

"အော်..သခင်လေးက ဒီမှာလာကြည်နှူးနေတာကိုး "

"မိုးထက်သာ! "

မိုးထက်သာသူတို့နှစ်ယောက်ကိုမြင်ပြီး ထွက်သွားသည်  နေမခ လိုက်ပြီး မိုးထက်သာလက်ကိုဆွဲလိုက်သည်

"စိတ်မဆိုးပါနဲ့ "

"သခင်လေးကအဲ့ကောင်နဲ့ ကြည်နှူးနေတယ်ပေါ့ "

"မဟုတ်ပါဘူး..ငါ့ကအလုပ်လာလုပ်ရုံပါ "

"အလုပ်လာလုပ်တာဟုတ်လား..သခင်လေးကိုအိမ်မှာနေစေချင်လို့ ကျွန်တော့်ဖုန်းဝယ်ပေးထားတာ မဟုတ်လား "

"မင်းတစ်ယောက်တည်းပင်ပန်းနေတာ မကြည့်ရက်လို့ပါ "

"ဆင်ခြင်မပေးပါနဲ့ သခင်လေးကျွန်တော့်စကား နားမထောင်တာ အသိသာချည်းပါ သခင်လေး စကားဆို ကျွန်တော်အမြဲနားထောင်ခဲ့တယ် ကျွန်တော်စကားဆို တခွန်းမှတောင် နားမထောင်ဘူးဆိုတဲ့ သဘောလား ကျွန်တော်ကစေခံတစ်ယောက်မို့လို့ အစေခံတစ်ယောက်ရဲ့စကားကိုးဂရုစိုက်စရာမလိုဘူးဆိုတဲ့ သဘောလား ''

"မဟုတ်ပါဘူးမိုးထက်..အဲ့လိုသဘောမဟုတ်ပါဘူး ''

" စိတ်ပူနေတဲ့ ကျွန်တော်ရင်ထဲကခံစားချက်ကိုး ဥပက္ခာပြုလိုက်တာပဲ ကျွန်တော်ကိုအထင်သေးပြီး ကျွန်တော်စကားနားမထောင်တဲ့ သခင်လေးကို မုန်းတယ် ကျွန်တော်ဘဝထဲက ထွက်သွားပါတော့ ''

" မလုပ်ပါနဲ့  မိုးထက်ငါမင်းကိုအရမ်းချစ်တယ်
ငါကိုစွန့်ခွာမသွားပါနဲ့ ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now