EP15

1.9K 83 3
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၅

ကျွန်တော်သခင်လေးကိုရင်ဖွင့်လိုက်ပါပြီ သခင်လေးတခုခုပြောတော့မလိုလုပ်ပြီး အိပ်ခန်းထဲကိုဝင်သွားသည် ကျွန်တော်အခန်းအပြင်မှာပဲထိုင်နေလိုက်သည်

တီ...တီ..တီ📲📲📲📲📲

နေမခစိတ်ရှုပ်စွာအခန်းထဲဝင်လာပြီး ဖုန်းလာတာနဲ့ ကိုင်လိုက်သည်

"သားငယ် အခုထိပြန်မလာသေးဘူးလား''

"အဖေ ကျွန်တော်အပန်းဖြေစံအိမ်မှာပဲအိပ်တော့မယ် ''

" ဘယ်နားကအပန်းဖြေစံအိမ်မှာလဲ ''

"Lucky Golden အပန်းဖြေစံအိမ်မှာပါ သားကိုစိတ်မပူပါနဲ့ အဘိုးကိုလည်းရှင်းပြလိုက်ပါ ''

"ပြန်လာလို့ရရင်ပြန်လာပါ သားအဘိုးစိတ်ပူပြီး အိပ်မပျော်ပဲနေမယ် ''

"ဒီတစ်ညပါပဲ ဒီတစ်ညတော့ခွင့်ပြုပါ အဖေ ''

"တစ်ခါမှအပြင်မှာညမအိပ်ဖူးတဲ့သားက ဒီလိုတောင်းဆိုတော့ အဖေဘာပြောရမယ်မှန်းမသိဘူး "

" ကျွန်တော့်ကိုယုံပြီး ခွင့်ပြုပေးပါအဖေ "

"အဖေယုံပါတယ် ထမင်းစားဖို့မမေ့နဲ့နော်သားငယ် ''

"ဟုတ်ကဲ့ အဖေ ''

ဖုန်းချပြီကုတင်ပေါ်လှဲလိုက်သည် လက်ကိုနဖူးပေါ်တင်ပြီး မိုးထက်အကြောင်းကိုပဲတွေးနေမိသည်

''ငါဘာဖြစ်နေတာလဲ ငါတကယ်သူအချစ်ကိုလိုချင်ခဲ့တာပဲမဟုတ်လား သူငါကိုချစ်မိနေပြီဆို ငါကျေနပ်သင့်တယ် နှင်းပွင့်ဖြူကိုလည်းစေ့စပ်ဖို့ကတိပေးထားတယ် ဖြူကိုလည်း သူမစွန့်လွှတ်နိုင်ဘူး ဘာတွေဖြစ်နေတာလဲ
နေမခရာ မင်းဘာကြောင့်တွေဝေနေရတာလဲ ဘဝမှာဒါပထမဦးဆုံးအကြိမ် အကြီးအကျယ် တွေဝေမှုပဲ မင်းဆုံးဖြတ်မှားလို့မဖြစ်ဘူး ဒီဆုံးဖြတ်ချက်တစ်ခုဟာ ဘဝအတွက်အရေးအပါးဆုံးပဲ ''

စိတ်ရှုပ်စွာနဲ့ကုတင်ပေါ်ကနေထပြီး
အခန်းတံခါးဖွင့်လိုက်တော့ အခန်းအပြင်မှာထိုင်နေသော မိုးထက်ကိုတွေ့ရသည်

"စားပွဲပေါ်က ပြင်ထားတဲ့အစာအစားတွေ
သွားစားရအောင် မိုးထက် ငါဗိုက်ဆာနေုပြီ ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now