EP12

2K 83 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၂

နှင်းပွင့်ဖြူ မိုးထက်သာထိုင်ခဲ့တဲ့နေရာမှာပဲ ထိုင်လိုက်သည်

" ဘယ်လိုဖြစ်တာလဲ ကိုကိုမျက်နှာချောင်ကျသွားလိုက်တာ ''

နှင်းပွင့်ဖြူသခင်လေးရဲ့မျက်နှာကိုကိုင်ပြီးမျက်ရည်ဝဲနေသည် ကျွန်တော်နဲ့ သူရိန်လည်းအလိုက်သိစွာအခန်းထဲကထွက်ပေးလိုက်သည်

"အရူးမလေးဘာလို့မျက်ရည်ဝဲနေတာလဲအစ်ကိုက ဘာမှမဖြစ်ပါဘူး''

"မလိမ်ပါနဲ့ ကိုကိုမျက်နှာကြည့်တာနဲ့သိပါတယ်
နှင်း ကိုကို့ကိုအရမ်းချစ်တယ် နှင်းပိုင်ဆိုင်သမျှ ကိုကိုလက်ထဲအကုန်ထည့်ပေးမယ် နှင်းတို့လက်ထပ်ရအောင်နော် လက်ထပ်လိုက်ရင်
ဒီစံအိမ်မှာ ညီအစ်ကိုချင်းပြသာနာတက်စရာအကြောင်းမရှီတော့ဘူး''

သူအခြေအနေကို အကုန်သိနေပြီးဖြစ်တဲ့ နှင်းပွင့်ဖြူကို သူဘာပြန်ပြောရမလဲ

"အကုန်သိပြီးပြီပေါ့ ''

"ကိုကို့ကိုချစ်လို့ ကိုကိုအကြောင်းတွေ အကုန်သိထားပါတယ် ကိုကို့ကို နည်းနည်းလေးတောင်စိတ်မဆင်းရဲစေချင်ဘူး ဒီလို့နေမကောင်းတာလည်းမဖြစ်စေချင်ဘူး''

ဖြူစင်ရိုးသားတဲ့ကောင်မလေးပဲ မင်းရဲ့အချစ်က ကိုယ့်တစ်ယောက်တည်းအတွက်ဆိုပေမဲ့ ကိုယ့်စိတ်ယိုင်နေပြီ ဟုတ်တယ် မင်းလို့မိန်းမကောင်းလေးရထားပြီပဲ ကိုယ့်စိတ်မယိုင်သင့်ဘူး

"ကိုယ်နေကောင်းတာနဲ့မင်းနဲ့စေ့စပ်မယ် ''

"တကယ်လား တကယ်လား ကိုကို အဟင့်. .
.ဟင့် ''

" တကယ်ပါကောင်မလေး မငိုနဲ့တော့ တိတ်တော့နော်''

နှင်းပွင့်မျက်ရည်ကိုသုတ်ပေးပြီး သူဆိုလိုက်သည်

" ကိုကို အခုဘာလုပ်ပေးရမလဲဟင်
နှိပ်ပေးရမလား "

" နှင်းရှီနေရင်ရပြီးဆိုပေမဲ့ နှင်းရဲ့အလှကို ကိုယ့်
ကြည့်ရင်း ကိုယ့်နားလို့ရမှာမဟုတ်ဘူး ပြန်တော့နော် ကိုယ့်နေကောင်းတာနဲ့ဖုန်းဆက်လိုက်မယ်''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now