EP11

2.1K 77 0
                                    


သခင်လေးရဲ့ကချေသည်

အပိုင်း ၁၁

နေမခကို ကုတင်ပေါ်လှဲစေလိုက်ပြီး ဆရာဝန်ကို မြန်မြန်ခေါ်လိုက်ရသည် သွေးစို့နေတဲ့ အဖြူရောင် Shirtကို ချွတ်လိုက်တော့ ကျောကုန်းမှာ အချိုးရာတွေကို တွေ့လိုက်ရသည်

"ကျောကုန်းက ဒဏ်ရာဒဏ်ချက်တွေကိုတော့ ဆေးထည့်ပေးထားပါတယ် ဖျားနိုင်တာမို့လို့ဂရုစိုက်ပါ အခုထိသတိမရသေးတော့ ကျွန်တော်ဆေးမထိုးပေးသေးဘူး ဖျားနာလာရင် ကျွန်တော်ပေးတဲ့ဆေးတွေတိုက်ပေးပါ ''

"ဟုတ်ကဲ့ ဒေါက်တာ ''

"ဆရာဝန်လေး မြေးလေးဖျားရင် အဖိုးတစ်ခေါက်ထပ်ခေါ်လိုက်ပါမယ် ''

"ဟုတ်ကဲ့ပါအဖိုး ကျွန်တော်လာခဲ့ပါမယ် ''

ဆရာဝန်ထွက်သွားတော့မှ အဖိုးကုတင်ပေါ်
ထိုင်ပြီး သခင်လေးလက်ကိုကိုင်လိုက်သည်

"အဘိုးကိုခွင့်လွှတ်ပါ မြေးငယ်ရယ် အဘိုးထုတ်ထားတဲ့စည်းကမ်းချက်တွေ့ကြောင့် အဘိုးနောင်တဆိုတာမရှီခဲ့ဖူးဘူး အခုအဲ့ဒီစည်းကမ်းချက်တွေကြောင့် အဖိုးမြေးငယ်လေး နာကျင်နေရပြီ အဘိုးနောင်တရတယ် အရမ်းနောင်တရတယ် ''

"ဘယ်လိုဖြစ်တာလဲ သူရိန်ဖြေစမ်း သားက
သူအစ်ကို့ကိုထိုးရလောက်အောင်
ဘာဖြစ်တာလဲ ''

ဦးထက်ယံ အခြေအနေကို အသေးစိတ်ထပ်သိချင်လို့ မေးလိုက်သည်

သူရိန် အကြောင်းအစုံပြောပြလိုက်သည်

"ဒီကောင်လေးက သားငယ် ငယ်ငယ်ကတည်းက သားငယ်လိုရာလိုက်လုပ်ပေးနေတဲ့ ကောင်လေးပဲ သားငယ်လူပါပဲ သားငယ် သံယောဇဉ်ကြီးတာမမှားပါဘူး ဇွဲထက်နိုင်မှားတာပဲ
အစ်ကိုဖြစ်ပြီးအငယ်ကို အနိုင်ကျင့်နေသလို ခံစားရတာလဲ ဘာကြောင့်သားငယ်လူကိုလုရတာလဲ''

ဦးထက်ယံစိတ်မကောင်းဖြစ်စွာပြောလိုက်သည်

" ဇွဲထက်နိုင်မှားတယ်ဆိုရင်တောင် မြေးငယ်က ငါတို့မင်းတို့ လူကြီးတွေရှီတာပဲလာပြောမှပေါ့ အခုသူက သွားထိုးမိတော့ သူများအမှားကနေ ကိုယ့်အမှားဖြစ်တာပေါ့ ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now