Ep24

1.6K 69 2
                                    

အပိုင်း ၂၄

"အစ်ကို..အစ်ကို "

မိုးထက်သာခေါ်သံကြောင့် သူတံခါးသွားဖွင့်ပေးလိုက်တော့ မိုးထက်နဲ့အတူ ကောင်လေးနှစ်ယောက်ပါ
ပါလာသည် လက်ထဲမှာလည်း အထုပ်တွေနဲ့ဖြစ်သည်

" ဝင်ခဲ့ကျ "

မိုးထက်သာကောင်လေးတွေကိုခေါ်ပြီးအိမ်ထဲ ဝင်ထိုင်ခိုင်းသည်

"အစ်ကို..သူတို့က ဒီရက်ကွပ်ထဲကပဲ  စိုင်းအောင်နဲ့ ကိုထွေး "

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် "

"အစ်ကိုကျွန်တော့်တို့က ကိုမိုးနဲ့အလုပ်အတူတူလုပ်တာ အရမ်းခင်တယ် အစ်ကိုလည်း ကျွန်တော့်တို့ကို ခိုင်းစရာရှီတာခိုင်းနော် "

"မင်းကလည်း ခိုင်းချင်ရာခိုင်းလို့ပြောတော့ အစ်ကိုက ဘယ်ခိုင်းရဲမလဲ "

ကိုထွေးစိုင်းအောင်ကိုပြောလိုက်သည်

"အဲ့လိုလား အစ်ကိုခိုင်းတယ်လို့မမှတ်ပဲ အကူညီလိုရင် ခိုင်းနိုင်ပါတယ်ဗျ "

"မင်းပြောတာပိုဆိုးနေပြီ အကူအညီလိုရင် ကူညီပါမယ်ပြောရမှာ "

"ဟုတ်ကဲ့အစ်ကို သူပြောသလိုပါပဲ "

" အစကတည်းက မင်းငြိမ်နေရမှာ "

စိုင်းအောင်က တောင်ပေါ်သားစစ်စစ်ဖြစ်ပြီး မြန်မာစကားကို သိပ်မကြွယ် ကိုထွေးကပဲ လိုက်ပြောပေးရသည် သူငယ်ချင်းတွေခေါ်လာတော့ သခင်လေး နည်းနည်းပြုံးလာသည်

"ညီတို့က ပျော်တက်တာပဲ "

"ဟုတ်တယ် အစ်ကို သူတို့ကရိုးသားပြီး ပွင့်လင်းတယ် ညစာအတူတူစားပြီးမြှပန်မှာ  "

"ဟုတ်တယ်အစ်ကို  ကျွန်တော့်တို့ငါးမျှားလာတယ် ရှမ်းဆန်လည်းယူလာတယ်  ရှမ်းထမင်းဟင်းချက်ကျွေးမယ် "

" ကိုထွေးမင်း ငါးဒုက္ခလုပ် ငါ့ထမင်းချက်လိုက်မယ် "

ပြောဆိုပြီး ကိုထွေးနဲ့ စိုင်းအောင် မီးဖိုချောင်ထဲဝင်သွားသည် 

"အစ်ကို့ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလား "

နေမခ ခေါင်းရမ်းလိုက်သည် မိုးထက်သာ အစ်ကိုလက်ကို ကိုင်လိုက်တော့ ကြမ်းတမ်းနေတာ တွေ့ရသည်

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now