EP35

1.6K 57 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၅

အခုဆိုသခင်လေး ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတာ တစ်ပတ်ကျော်နေပြီ သခင်လေးက ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပဲ ကျွန်တော့်ခိုင်းတာကိုပဲ လုပ်ပေးသည် ခက်တာက သခင်လေးက ကျွန်တော့်တို့ ထမင်းကျွေးတိုင်း ထမင်းပဲစားပြီး ဟင်းကိုလုံးဝမစားဘူး
အဲ့ဒါဘာလို့ပါလိမ့္

" ငါပြန်တော့မယ် "

မိုးထက်သာရေချိုးဖို့ ရေစပ်ပေးပြီး နေမခပြန်ဖို့ ပြောလိုက်သည်

"ကျွန်တော့်နဲ့ထမင်းစားပြီးမှပြန်ပါ  "

"ငါကမင်းနဲ့ဘာလို့ထမင်းအတူစားရမှာလဲ နေ့လယ်စာတောင် မင်းနဲ့စားချင်တာမဟုတ်ဘူး မဖြစ်နိုင်လို့သာ "

"ငါ..ငါနဲ့ ခင်ဗျားက အလုပ်ရှင်ပေါ်အရမ်းရိုင်းတာပဲ "

နေမခစကားဆက်မပြောချင်တာနဲ့ လှည့်ထွက်လိုက်တာနဲ့ သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့ မိုးထက်သာ

"ညစာစားပြီးမှပြန် "

နေမခအတင်းရုန်းကာ မိုးထက်သာကို ထိုးလိုက်သည်

" လွန်မလာနဲ့ မိုးထက် "

"လွန်တယ် ကျွန်တော့်ကလား ခင်ဗျားလောက်တော့ မလွန်ပါဘူး  "

"ငါပြန်တော့မယ် "

နေမခ ခြေနှစ်လမ်းတောင်မလှမ်းခင် ယိုင်လဲသွားသည်

"ခင်ဗျား ဘာဖြစ်တာလဲ "

မိုးထက်သာ လှမ်းထိန်းရင်း မေးလိုက်သည် နေမခမိုးထက်သာ လက်ပေါ်မှာပဲ မေ့လဲသွားသည်

"သခင်လေး!! "

🏤🏤

"ဆရာဝန်မခေါ်လို့ရောရပါ့မလား "

" အင်း "

မိုးထက်သာ အိပ်ပျော်နေတဲ့ သခင်လေးကို ကြည့်ပြီး ကျော်စွာအမေးကို ပြန်ဖြေလိုက်သည်

"သခင်လေးကမင်းအရမ်းချစ်ခဲ့တဲ့သူပါ အငြိုးတွေကို သခင်လေးအပေါ်ပုံမချပါနဲ့ "

"ငါ့ကိုသစ္စာဖောက်ခဲ့တဲ့သူလည်းဟုတ်တယ် ကျော်စွာ ငါသခင်လေးကိုမုန်းတယ် "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Där berättelser lever. Upptäck nu