EP20

1.8K 74 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၀

"သခင်လေး ကျွန်တော့်အလုပ်သွားပြီနော် '

" အဲ့ဒါဆို ငါကိုအိမ်မှာ ထမင်းဟင်းချက်ခိုင်းစေချင်တာလား ငါမလုပ်တက်ဘူးနော် "

"သခင်လေးကို ချစ်လို့ခေါ်လာတာလေ အလုပ်ခိုင်းဖို့ယူတာမှာမဟုတ်တာ ထမင်းဟင်းလည်း ချက်ခဲ့တယ် အိမ်သန့်ရှင်းရေးလည်း ကျွန်တော်လုပ်မယ် "

"အဲ့ဒါဆို ငါကဘာလုပ်ရမှာလဲ အိမ်မှာပျင်းစရာကြီး''

"သခင်လေးမပျင်းရအောင် ကျွန်တော့်ဖုန်းဝယ်ပေးမယ်လေ  ''

"ဟုတ်သားပဲ ငါဖုန်းထားခဲ့တာပဲ "

" သခင်လေးထပြီး မနက်စာလည်းစားအုန်း ကျွန်တော့် ရှမ်းခေါက်ဆွဲဝယ်လာတာ အေးတော့မယ်  "

မနက်အိပ်ရာထမျက်နှာသစ်ပြီးကတည်းက စောင်ပုံထဲက မထတဲ့ သခင်လေးကို  မိုးထက်သာပြောလိုက်သည်

"ဒီမြို့က အရမ်းအေးတာပဲ "

"၁၂လပိုင်းဆိုတော့ အေးတယ်သခင်လေး..ရေကို ကျွန်တော့်နေခင်းပြန်လာမှချိုး ရေနွေးတည်ပေးမယ် "

"အင်း "

မိုးထက်သာထွက်သွားတာနဲ့ နေမခ မနက်စာစားလိုက်သည်

"အိမ်မှာနေရတာ ပျင်းစရာကြီး "

နေမခ အိမ်ကိုသော့ခတ်ပြီး ရပ်ကွက်ထဲ ပတ်ကြည့်နေစဉ်

"ဟို..အစ္ကို "

ခြံထဲကလူငယ်ကသူ့ကိုလှမ်းခေါ်တာကြောင့် 
နေမခ အထဲဝင်လိုက်ပြီး

" ကျွန်တော့်ကိုခေါ်တာလား "

"ဟုတ်တယ် အစ်ကိုတို့က လူသစ်မို့လား "

"ဟုတ်ကဲ့ "

" ကျွန်တော်နာမည်စိုင်းလုံပါ အစ်ကို အကူအညီလိုရင် ကျွန်တော့်ကိုပြောနော် အချိန်မရွေးပြော ကျွန်တော်ကူညီမယ် "

"ဟုတ်ကဲ့ ဒါနဲ့စိုင်းလုံက ဟိုအုတ်တွေက "

"ဘလောက်အုတ်တွေလေအစ်ကို အုတ်တစ်လုံးကို ၈၀ရတယ် "

" မိုက်တယ်စိုင်းလုံ အစ်ကိုလုပ်ပေးရင် လုပ်ခဘယ်လောက်ပေးမှာလဲ "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now