EP10

2.1K 79 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း (၁၀)

မိုးထက်သာ Pov

ဒီနေ့ ကျွန်တော် သခင်လေးဇွဲထက်နိုင်ဆီမှာအလုပ်စဆင်းရတော့မှာမို့ မပျော်နိုင်ပဲ အိပ်ရာထတာတောင် လေးကန်နေမိသည်

"သခင်လေးကိုဘယ်သူကားမောင်းပို့မှာလဲ ဦးလေး ပြီးတော့သူက သခင်လေးစာရင်းတွေကို လုပ်တက်ပါ့မလား  ''

"လုပ်တက်ပါတယ်  သူနာမည်က မောင်လှ''

"ကျွန်တော့်သူ့ကိုသွားတွေ့လိုက်အုန်းမယ် "

မိုးထက် မောင်လှဆီကားသော့ပေးလိုက်ပြီး

"ဒီနေ့သခင်လေးဆီနောက်မကျပဲသွားနော်''

" ဟုတ်ကဲ့ ''

"ကားမောင်းတဲ့အချိန်ကျရင်Air Con ကိုအရမ်းမတင်ပါနဲ့ သခင်လေးမကြိုက်သလို သူကျန်းမာရေးအတွက်လည်းမကောင်းဘူး ပြီးတော့တနေ့သာအချိန်ဇယားကြည့်ပြီး သခင်လေးကို ဟိုသွားရမယ် ဒီသွားရမယ် ဝင်မစွတ်ဖတ်မိစေနဲ့ သခင်လေးသွားချင်တာကို မင်းကိုတိုက်ရိုက်ပြောလိမ့်မယ် နေ့လည် ၁၂ ရောက်တာနဲ့ နေ့လည်စာစားဖို့ သခင်လေးကိုသတိပေးပါ ''

"ဟုတ်ကဲ့  ကျွန်တော့်သခင်လေးကိုဂရုစိုက်ပါမယ် ''

ကျွန်တော် မောင်လှကိုမှာပြီး သခင်လေးဇွဲထက်နိုင်အိမ်သို့ထွက်လာခဲ့လိုက်သည် ရောက်ရောက်ချင်း သူက ကျွန်တော်ကိုကြည့်ပြီး

"မင်းက အရည်အချင်းအများကြီးရှီတယ် ကြားတယ် မင်းဘယ်လောက်အရည်အချင်းရှီရှီ ငါအတွက်တော့အသုံးမဝင်ဘူး ငါအိမ်မှာ အောက်ခြေအလုပ်တွေသာ မင်းအလုပ်ဖြစ်တယ် ''

" အလုပ်သွားဖို့ကားအဆင့်သင့် ထုတ်ထားလိုက်ပါမယ်''

"ငါအလုပ်မသွားသေးဘူး ငါအခုဇက်ကျောတက်နေတယ် ငါကိုလာနှိပ်ပေး ပြီးတော့ငါအမေက အိမ်သန့်ရှင်းရေးလုပ်မယ့်သူက ဒီနေ့မလာနိုင်ဘူးတဲ့ အဲ့ဒါမင်းလုပ်ရမယ်''

"ကျွန်တော်သန့်ရှင်းရေးသမားမဟုတ်ဘူး ဒါမျိုး ကျွန်တော်ဒီစံအိမ်တော်စရောက်ကတည်းကမလုပ်ရဘူး တခြားဟာခိုင်းပါ' '

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now