EP1

8.9K 246 2
                                    

သခင်လေးရဲ့ကချေသည်
 
အပိုင်း ၁

"သခင်လေး ဒီအဝတ်အစားကြိုက်လား ဒါမှမဟုတ်ဒါဝတ်မလား ''

"တစ်ခုမှမကြိုက်ဘူး ကောင်လေးကိုသာခေါ်ပေး ''

"ဟုတ်ကဲ့ သခင်လေး ''

သူရိန်ထွက်သွားပြီသိပ်မကြာ မိုးထက်သာဝင်လာသည်

"ကုမ္ပဏီမှာအဘိုးရော သခင်ကြီးတို့ရော သခင်လေးကိုစောင့်နေကျပြီ အခုထိအဝတ်အစားဝတ်လို့မပြီးသေးဘူးလား ''

"ငါ့ကို အစ်ကိုလိုဘဲခေါ်လို့ပြောထားတယ်လေ ''

"တခြားသူကြားရင်မကောင်းဘူး သခင်လေး ''

" ဒီခေတ်ကြီးမှာ သခင်လေးကဘာလဲ "

"ဖိုးဖိုးစည်းကမ်းနားထောင်ရမယ် ဖိုးဖိုးကစော်ဘွာမျိုးလေ အိမ်တောင်မှ ရှေးအိမ်လိုမျိုးခမ်းခမ်းနားနားစောင့်ထားတာ အဲ့ဒါကြောင့် ကျွန်တော့်တို့အိမ်ကို ရွှေစံအိမ် အိမ်တော်လို့ခေါ်တာပေါ့ "

" ဒီအိမ်မှာနေရတာ သိပ်ဂုဏ်ယူနေလား ဒီအိမ်မှာအလုပ်သမားတွေကို အစေခံလို့ခေါ်ပြောနေတာ ငါ့မကြိုက်ပါဘူး "

" ဒါပေမဲ့ ဒီအိမ်တော့်ကအလုပ်သမားတွေက တခြားနေရမှာထက် ပိုက်ဆံနှစ်ဆရတာကိုပဲကျေနပ်ပြီး ပျော်နေကျတာ "

" မင်းရောပျော်လား "

" ကျွန်တော့်အရမ်းပျော်ပါတယ် "

"ထားပါတော့...ငါကိုအဝတ်ရွေးပေးပါ
ဘယ်ဟာဝတ်ရမလဲ မစဉ်စားတက်တော့ဘူး ''

"ဟုတ်ကဲ့ သခင်လေး ဒီနက်ပြာရောင်ဆိုဘယ်လိုနေလဲ ''

"အင်း မင်းရွေးတာဘဲ ကောင်းမှာပေါ့ ''

မိုးထက်သခင်လေးရဲ့အပေါ်ကုတ်ကိုဝတ်ပေးလိုက်သည်

"ကျွန်တော်ကားမောင်းလိုက်ပို့ပေးမယ်နော် ''

"မင်းနေခဲ့ သူရိန်လိုက်ပို့လိမ့်မယ် ''

"ဟုတ်ကဲ့ ''

ထွက်သွားတဲ့ သခင်လေးကျောပြင်ကိုကြည့်ရင်း
သက်ပျင်းချမိသည်
သူသခင်လေးနဲ့ ဒီလို့နေ့တိုင်းနေရတာအရမ်းပျော်ပါသည် ဒါပေမဲ့ သခင်လေးက အခုတော့ သူ့ကိုအရင်ကထက် မခိုင်းတော့ဘူး

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now