EP8

2.4K 82 1
                                    

သခင်လေးရဲ့ကချေသည်

Unicode

အပိုင်း ၈

နေမခ စံအိမ်ပြန်ရောက်ရောက်ချင်း အဖိုးအခန်းကိုသွားလိုက်သည် အစ်ကိုဇွဲထက်နိုင်ကတော့ သူမျက်နှာမမြင်စေချင်တာကြောင့် အိမ်ကြီးဘေးနားက သူတို့လုံးချင်းအိမ်ကိုပဲတန်းသွားသည်

"ဖိုးဖိုး ''

"ငါမြေးလေး ''

နေမခ အဘိုးရင်ခွင်ထဲဝင်ပြီး အဘိုးကို
ဖတ်ထားလိုက်သည်

" အဖိုးကိုမျက်နှာလေးပြပါအုန်း "

နေမခဖတ်ထားရာကနေခွါပြီး
အဘိုးကိုခေါ်ပြီး ဆိုဖာပေါ်အတူတူထိုင်လိုက်သည်

"ပင်ပန်းလို့လား ငါမြေး မျက်နှာလေးချောင်ကျနေတာ အဖိုးနားမှာဘဲနေပါ ငါမြေးလေး အလုပ်တွေမလုပ်သင့်ဘူး တကယ်ဆို ငါမြေးလေး အလုပ်လုပ်စရာကိုမလိုတာ မြေးကြီးလည်းရောက်နေပြီဘဲ သူတို့ဘဲလုပ်ပါစေ''

"မပင်ပန်းပါဘူး အဖိုး  ကျွန်တော်လည်း လုပ်ငန်းတွေကိုင်တွယ်အုပ်ချုပ်ချင်တယ် ''

"မြေးလေးကရိုးသားတော့ ထိခိုက်မှာကြောက်တယ် စီးပွားရေးသမားတွေရဲ့အတ္တတွေလောဘတွေကြောင့် မြေးငယ်ဘဝပျော်ရွှင်မှုတွေ ပျောက်ဆုံးရမှာကြောက်တယ် လူငယ်တစ်ယောက်အနေနဲ့ကြိုးစားတဲ့ မြေးလေးကိုလည်း အဖိုးကဂုဏ်လည်းယူတယ် စိတ်လည်းချမ်းသာစေချင်တယ်''

"ဟုတ်ကဲ့ အဖိုး ကျွန်တော့်ကိုစိတ်မပူပါနဲ့ အဖိုးသာကျွန်တော်နားမှာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေပေးရမယ် ''

"ဒါပေါ့ ငါမြေးလက်ထပ်တာလည်း အဖိုးကကြည့်အုန်းမှာ အဖိုးကမြစ်ချီအုန်းမှာ ''

"ကျွန်တော့်ထက် အစ်ကိုနှစ်ယောက်ကို
မင်္ဂလာအရင်ဆောင်ခိုင်းပါ အဖိုး ကျွန်တော်ကအဖိုးနဲ့ပဲနေမှာ ''

"အဖိုးချစ်အောင်အရမ်းပြောတက်တဲ့ လူတက်ကလေး''

ဦးချမ်းသာ သူမြေးပါးလေးကိုဆွဲပြီးပြောလိုက်သည် နေမခ အဘိုးပေါင်ပေါ်ခေါင်းအုံးပြီး အိပ်လိုက်သည်

" အဖိုးညောင်းရင် ကျွန်တော့်ကိုနှိုးနော် "

" မြေးလေးတစ်ရေးလောက်အိပ်လိုက် မြေးလေးအိပ်တာ အဖိုးကြည့်ချင်တယ် "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now