EP31

1.6K 63 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၃၁

" ကျွန်တော် သခင်လေးကိုအရမ်းချစ်တယ်  လက်ထပ်ပြီးရင်သခင်လေးကို လုပ်ကြွေးပြုပါရစေနော် "
ကျွန်တော် သခင်လေးကို အရမ်းချစ်တယ်  လက်ထပ်ပြီးရင်သခင်လေးကို လုပ်ကြွေးပြုပါရစေနော်"

" မိုးထက် ဆိုတဲ့ အစေခံက ဒုက္ခိတ ဖြစ်နေတဲ့ မင်းကို ထားသွားပြီ သိလား မင်းပြောတော့ အခြောက်မဟုတ်ဘူးဆို ဘာလို့ မင်းကို သစ္စာမဲ့တဲ့သူကို လွမ်းပြီး သစ္စာစောင့်ထိန်းချင်နေတာလား "

နားထဲမှာကြားနေရတဲ့စကားတွေကြောင့်နေမခ ခေါင်းအဆမတန်ထိုးကိုက်လာသည်

"အားးး မဟုတ်ဘူး..မဟုတ်ဘူး "

"Daddy..Daddy "

အိမ်မက်ဆိုးမှ နိုးထလာတဲ့ ကျွန်တော်ကို စိုးရိမ်စိတ် နဲ့မေးနေတဲ့ ကလေးငယ် 

"ဒီကလေးဘယ်သူ့လဲ "

ကျွန်တော် စိတ်လှုပ်ရှားပြီးတွန်းလွှတ်မိသည် အရှိန်နဲ့ဆိုတော့ ကလေးငယ် ကုတင်ပေါ်က ပြုတ်ကျသွားသည် ဖြူပြေးလာပြီး Sunny လေးကို ထူလိုက်ပြီး

" ဘာဖြစ်တာလဲ ကိုကို "

" Daddy..အဟင့်..ဟင့် "

"မငိုပါနဲ့ သားလေးDaddy နေမကောင်းဖြစ်နေလို့ပါ "

" ငါမှတ်မိပြီ နည်းနည်းချင်း ပြန်မှတ်မိလာပြီ

"ကိုကိုမှတ်မိပြီလား ဘာတွေကိုမှတ်မိလာပြီလဲ ကိုကို

" ငါ..ငါ...အားးး "

"မစဉ်စားနဲ့ ကိုကို ခေါင်းကိုက်နေမယ် "

" Daddy..Daddy "

"ဒီကလေးကဘယ်သူလဲ "

"ကိုကို သားလေးကိုမမှတ်မိဘူးလား "

"သားလေး "

"ဟုတ်တယ်ကိုကို..သားလေးလေ..ကိုကိုရဲ့ သားလေးပါ့ "

နေမခ မှတ်မိသွားပြီး လက်နှစ်ဖတ်ကို ဆန့်လိုက်သည် ကလေးငယ် ကျွန်တော်ရင်ခွင်ထဲပြေးဝင်လာသည်

"Daddy သားငယ်လေး  ထွားလာလိုက်တာ "

"Daddy နေမကောင်းဘူးလားဟင် နေမကောင်းလို့
သားကိုတွန်းတာနော်..သားကိုစိတ်ဆိုးလို့ဟုတ်ဘူး "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now