EP29

1.5K 58 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၉

အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့သခင်လေးကို
ငေးနေမိသည် သခင်လေးက  ကျွန်တော်ကို တချက်မှ  မကြည့်ပဲ ကလေးကိုဖတ်ထားလိုက်သည်

'' Daddy! "

နေမခသားလေးကိုပြန်ရှာတွေ့တဲ့အတွက်  ဝမ်းသာပြီးမျက်ရည်ကျမိသည်

"Daddyဘာလို့ငိုတာလဲဟင် "

နေမခမျက်ရည်သုတ်ကာ ခေါင်းရမ်းလိုက်သည်

"သားသားအဆင်ပြေပါတယ်  Daddy''

သားကပြုံးပြီးပြောတဲ့အတွက် နေမခလိုက်ပြုံးပြီး
သားငယ်ပါးလေးကို လက်နဲ့ဆွဲလိုက်သည်

"အရမ်းကြည့်ကောင်းတဲ့ သားအဖပါ့လား "

အသံကြောင့် နေမခမော့ကြည့်လိုက်သည် ပြီးတော့သားဆီက စာချုပ်ယူကာ သူဌေးကိုပေးလိုက်သည်

"သခင်လေး! "

သခင်လေး ကျွန်တော်နဲ့ တိုက်ရိုက်တွေ့တာတောင် အံသြ ဝမ်းသာ ဝမ်းနည်း တစ်စုံတစ်ရာမှခံစားမှုမရှီတဲ့ ခံစမျက်နှာမျိုးနဲ့ စာချုပ်ကိုထိုးပေးနေသည်

  '' ကျွန်တော် လက်မှတ်မထိုးပေးနိုင်ဘူး ''

'' ဘာကြောင့်လဲ Daddyနဲ့ တွေ့ရင်ရပြီဆို "

ကလေးငယ်စကားကြောင့် မိုးထက်သာ
အံသြသွားသည်

" မင်းလို့ကလေးကဘာသိလို့ဝင်ပြောနေတာလဲ "

"သိတယ် Daddyက သူဌေးနဲ့တွေ့ဖို့လာတာ သားကို ဦးဦးကအကုန်ပြောပြထားတယ် "

"အမူအရာ တည်ငြိမ်ပြီး ဟန်ဆောင်ကောင်းလှချည်လား သခင်လေး ကျွန်တော်ဘာကြောင့် စာချုပ်မချုပ်ပေးလည်း သိလောက်မှာပါ ကျွန်တော်ကိုတွေ့တာတောင်မှ တုပ်လှုပ်မှုမရှီပဲ စာချုပ်ထိုးပေတဲ့ သခင်လေးက အရမ်းတော်တာပဲ  ကျွန်တော်ထင်ထားတာထက်ကို အသဲနှလုံးမရှီ အေးစက်နေနိုင်ရက်တာပဲ ကျွန်တော်ပေါ် နည်းနည်းလေးမှတောင် အားမနာဘူးလား ''

ကျွန်တော်ပြောနေတာကိုး သခင်လေး ဆက်နားမထောင်တော့ပဲ စာချုပ်တွေကို ပြန်ယူကာ ကလေးလက်ကိုဆွဲပြီး ထွက်မဲ့အလုပ် ကျွန်တော် သခင်လေးပုခုံးကို လက်နှစ်ဖတ်နဲ့ဆွဲကိုင်လှုပ်ကာ

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now