EP18

1.8K 80 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၁၈

မနက်နေရောင်ခြည်က မျက်နှာကိုလာရိုက်ခတ်တာနဲ့တပြိုင်နက် ကျွန်တော်မျက်စီလည်း ပွင့်လာသည်  မြင်နေကျ မိုးထက် ရဲ့မျက်နှာ မိုးထက်ရဲ့အပြုံးကိုတော့ ဒီနေ့မနက်စောစောမှာ မမြင်ရတော့ဘူး

"သခင်လေးနိုးပြီလား  ထပြီး မျက်နှာသစ် ရေချိုးလိုက်တော့ ဒီနေ့အဘိုးက မနက်စာဆင်းမစားချင်မှန်းသိလို့ သခင်လေးအခန်းထဲကို စားဖို့မှုးအောင်အောင်ရဲ့အကောင်းဆုံး မနက်စာချက်ခိုင်းပြီး လာပို့ခိုင်းမယ်တဲ့ ''

နေမခရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်သည် မိုးထက်..မင်း ငါစကားကို အရေးမလုပ်တာလား ငါကိုတောင် လာမတွေ့တော့ဘူးပေါ့  ငါတမင်ရူးမိုက်ခဲ့တာလား

ရေချိုးခန်းထဲကအထွက် စားပွဲပေါ်မှာ စားဖို့မှုး မနက်စာ ပြင်နေသည်

"သခင်လေး နေကောင်းရဲ့လား မျက်နှာလည်းမလန်းဘူး  ကျွန်တော်ဆရာဝန်ခေါ်လိုက်ရမလား ''

"ညနေတောင်စေ့စပ်ရတော့မှာပဲ
တစ်အိမ်လုံး အလှုပ်ရှုပ်နေတာကိုး ဆရာဝန်ခေါ်ပြီး အားလုံးကို စိတ်ပူအောင်မလုပ်ပါနဲ့ သူရိန် "

"အဲ့ဒါဆို မနက်စာတော့ ကုန်အောင်စားပါ  သခင်လေး ကြည့်ရတာ ကျွန်တော်အရမ်းစိတ်ပူနေပြီ ''

"စိတ်မပူပါနဲ့ သူရိန် ငါဘာမှမဖြစ်ပါဘူး ''

နေမခမနက်စာစားနေတုန်း

  " Surprise ''

"ကိုကို "

နေမခသူအစ်ကို့ကိုဖတ်လိုက်တာနဲ့တပြိုင်နက် မျက်ရည်ကလည်းကျလာသည် ဒီနေ့မှ ဘာလို့ ကျွန်တော်မျက်ရည်လွယ်နေမှန်းမသိဘူး

"ညီငိုနေတာလား ဒီနေ့တောင်စေ့စပ်ပြီး အစ်ကိုထက်အရင် လက်ထပ်တော့မဲ့
ကလေးက ငိုနေပါလား အစ်ကို ညီ
မျက်နှာကြည့်ပရစေပါအုန်း ''

နေလင်းဖတ်ထားရာကခွာပြီး ပြောလိုက်သည်

"ဘာလို့ပြန်လာတာလဲ အစ်ကို "

နေလင်း ညီလက်ကို ကိုင်ပြီး ညီအစ်ကို နှစ်ယောက်ကုတင်ပေါ်ထိုင်လိုက်သည်

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Opowieści tętniące życiem. Odkryj je teraz