EP2

4.2K 154 0
                                    

သခင်လေးရဲ့ကချေသည်
အပိုင်း ၂

နေမခ ပါတီပွဲသို့ သူရိန် နဲ့  မိုးထက်သာကိုခေါ်လာခဲ့သည် ခြံထဲမှာကျင်းပတဲ့ ပါတီပွဲကအရမ်း ခမ်းနားလှပါသည် ပါတီပွဲရောက်ရောက်ချင်း မမြင်ချင်တဲ့သူကိုတမ်းတွေ့ရသည်

"ရှားရှားပါးပါး ဘိုတော်မင်းလက်ထပ်က သခင်လေးရောက်လာပါ့လား မင်းဒီပါတီပွဲကို လာမယ့်မထင်ခဲ့ဘူး အဘိုး ဦးဘုန်းမြင့်ရဲ့မြေးမ မမလေးဘယ်လောက်ချောကြောင်း လာကြည့်တာလား''

ဟိန်းစည်သူရဲ့ ခနဲ့သံကြောင့် နေမခစိတ်တိုသွားကာ

"မင်းအပူမပါပါဘူး ဒီတစ်ခေါက်လေလံပွဲမှာငါမင်းကိုနိုင်ထားတယ်နော် ''

"ငါမင်းနဲ့ ပြိုင်ပွဲတွေအဆုံးသတ်ချင်ပြီ  မပြိုင်တော့သာမဟုတ်ဘူးနော်  ဒီတစ်ခေါက်နောက်ဆုံးအနေနဲ့ အကြီးအမားဆုံး ပြိုင်ပွဲတစ်ခု စိန်ခေါ်ချင်တယ် ''

"ဘာပြိုင်ပွဲလဲ ဘာပြိုင်ပွဲဖြစ်ဖြစ်ပါ ငါကသွေးမကြောင်တက်ဘူး ''

"နှင်းပွင့်ဖြူ ကိုငါတွေ့ခဲ့ပြီးပြီ နာမည်အတိုင်းပဲ နတ်သမီးတစ်ပါးလို့အရမ်းချောတယ် သူကိုမင်းနဲ့င့ါ ပြိုင်လိုက်မယ် ဘယ်သူရမလဲပေါ့ ''

"ငါအမုန်းဆုံးက မိန်းမတွေနဲ့ရှုပ်ရှုပ်နေရတာ
မကြိုက်တာဘဲ ''

  "မင်းပြောတော့သွေးမကြောင်ဘူးဆို နေမခ ဒီပြိုင်ပွဲမှာတော့ယုံကြည့်မှုမရှီဘူးပေါ့ သခင်လေး "

"OK လက်ခံလိုက်မယ် သူရုပ်ကိုမမြင်ရသေးဘဲငါလက်ခံတာ သူမကိုကြိုက်လို့မဟုတ် မြို့စွန်မြစ်ကမ်းဘေးနားက မင်းတို့ပိုင်တဲ့ဂေါက်ကွင်း ငါနိုင်ရင်အဲ့ဒါလိုချင်တယ် ''

"OK ငါက မင်းအတွက်လုပ်ထားတဲ့ အကြီးအမားဆုံးပန်ဒိုရာအပန်းဖြေစံအိမ်ကိုငါလိုချင်တယ်  ''

"နိုင်ရင်တော့ရမှာပေါ့ အခုငါ နတ်သမီးလေးကိုသွားနှုတ်ဆက်လိုက်အုန်းမယ် ''

နေမခပြောခဲ့ပြီူ ကောင်မလေးရှီရာကိုလာလိုက်သည် အရမ်းလှပပြီးချောတာကို သူလက်ခံလိုက်သည်

"ကျွန်တော်အဘိုးကလွှတ်လိုက်တာပါ အဘိုး ''

" ဦးထက်သာရဲ့မြေးအငယ်ဆုံးလား "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now