EP33

1.6K 55 0
                                    

သခင်လေးရဲ့ ကချေသည်

အပိုင်း ၃၃

"သခင်လေး ကိုယ်တိုင်ကားမောင်းပြီး အလုပ်သွားဖို့က အန္တရာယ်များလွန်းပါတယ် "

" ဟုတ်တယ်ညီ မိုးထက်ကညီကို ခက်ခဲ့တဲ့အရာများတောင်းဆိုနေသလား "

နေမခကားပေါ်တက်ခံနီးသူ့ကိုစိတ်ပူနေတဲ့ မိသားစုကိုကြည့်ပြီး ပြုံးပြလိုက်ကာ

" သူမလုပ်ရဲပါဘူး ကိုကို "

" Daddy! "

သားလေးနိုးလာပြီး မနက်စာအရင်မစားပဲ
သူ့ကိုလိုက်ရှာနေတက်သည်  အခုလည်းသားလေးသူ့ဆီပြေးလာတာကြောင့် သားလေးကိုပွေ့ချီလိုက်သည်

" ညီမချီနဲ့..ညီခန္ဓာကိုယ်က "

" မတားပါနဲ့ကိုကို သားကိုတော့ပွေ့ဖတ်ထားပါရစေ  "

"သားသားဆင်းမယ် "

သားလေးသူ့ပေါ်ကအတင်းဆင်းသည် ပြီးတော့ သားလေး သူ့ခြေသလုံးကိုဖတ်ကာ

"ဘယ်သွားမလို့လဲ Daddy! "

နေမခ ထိုင်ချကာ သားလေးကိုပွေ့ဖတ်ကာ
နမ်းလိုက်သည်

" အလုပ်သွားမလို့ "

"မသွားနဲ့  "

" မသွားရဘူးလား Daddyက တော်ဝင်စံအိမ်ရဲ့အမွေဆက်ခံသူမင်းသားလေးအဖြစ် သားကိုပြည့်စုံတဲ့ဘဝနဲ့ ကြီးပြင်းလာစေချင်တာ အဲ့ဒါကြောင့် Daddyက အလုပ်သွားရမယ် Daddyပြန်လာရင် သားအတွက် ကစားစရာအရုပ်သစ်တွေဝယ်လာခဲ့မယ် "

Sunnyခေါင်းရမ်းသည် သူရိန်သားလေးကိုပွေ့ကာ အိမ်ထဲခေါ်သွားသည်

" Daddy..အဟင့်..ဟင့်  "

"သားလေးကို ဂရုစိုက်ပေးပါဖြူ "

"ဟုတ်ကဲ့ ကိုကို "

နေမခနောက်ကျနေပြီမို့ မြန်မြန်ထွက်လာခဲ့လိုက်သည်

" သခင်လေး! "

" ကျော်စွာ ဘယ်သူ့ကိုသခင်လေးလို့ခေါ်နေတာလဲ "

မိုးထက်သာ ဆင်ဝင်ရှေ့ထွက်လာတာတော့ သခင်လေးက ကားတံခါး အဆင့်သင့်ဖွင့်ပေးသည်

"နောက်ကျတယ်  "

" မနက်ဖြန်မဖြစ်စေရပါဘူး "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now