EP26

1.6K 68 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၆

"အစ်ကို ကျွန်တော့်တို့ပြန်လာပြီ "

နေမခ အိမ်အစောပြန်လာပြီး ရေချိုးနှင့်ထားတာ မှန်သွားသည် မိုးထက်သာနဲ့ သူ့သူငယ်ချင်းတွေ အစောကြီး အိမ်ပြန်လာကျသည် သူတို့တွေ ရေမြန်ချိုးပြီး ခြံထဲမှာ ညစာစားပွဲလုပ်ဖို့ပြင်နေကျသည်

" မီးမွှေးလို့အဆင်ပြေပါ့မလား အိမ်ခြံဝန်းသေးသေးလေးပဲကိုး "

" ပြေပါတယ် အစ်ကို "

စိုင်းအောင် မီးပုံပွဲသေးသေးလေး မွှေးလိုက်သည် ကိုထွေးကတော့ အပေါ်ကစားပွဲနဲ့ခုံတွေကို အောက်ချကာ စားစရာတွေ တည်ခင်းနေသည်

" အစ္ကို "

မိုးထက်သာ အစ်ကိုရှေ့ဒူးထောက်လိုက်သည်

"ဘာလုပ်တာလဲ လူတွေရှီတယ်လေ "

" ရတယ် ကျွန်တော့်တို့ကို ဂရုမစိုက်နဲ့ "

မိုးထက်သာ ဒူးထောက်ပြီး အစ်ကို့လက်ကို လက်စွပ်စွပ်ပေးလိုက်သည်

"ဒီလက်စွပ်က "

" ကျွန်တော့်ပိုက်ဆံစုပြီး ဒီနေ့ဒီကောင်တွေနဲ့ တာချီလိပ်ကိုသွားပြီး သွားဝယ်ထားတာပါ "

" မင်း ဒီနေ့အလုပ်ပျက်ရပြီပေါ့ "

" ကိစ္စမရှီဘူး ကျွန်တော့်အရမ်းပေးချင်တဲ့ လက်စွပ်လေးပေးခွင့်ရလို့ပျော်တယ် လက်ထပ်လက်စွပ်ကို အများကြီးနောက်ကျပြီးမှ ပေးရတယ် စိတ်မကောင်းပါဘူး သခင်လေး "

" ဟင်အင်း..ရတယ် "

နေမခ မိုးထက်သာကို ဖတ်လိုက်တော့ စိုင်းအောင်နဲ့ကိုထွေးက လက်ခုတ်တီးပြီး ဂုဏ်ပြုကျသည်

" ဒါဘာလဲ "

သူတို့နှစ်ဦးပေါ်ဖြာကျနေတဲ့ အလင်းစူးစူးကြောင့် ထကြည့်လိုက်တော့ ခြံရှေ့မှာ ကားတွေအများအပြားကို တွေ့ ရသည်

"ဘယ်သူတွေလဲ ရိုင်းလိုက်တာ မီးထိုးထားတာ "

ကိုထွေးကစိတ်ပျက်စွာဆိုလိုက်သည်

ကားပေါ်က ဆင်းလာတဲ့သူကို့ကြည့်လိုက်တော့ ဥက္ကဋ္ဌနဲ့ နန်းလဲ့ဖြစ်သည် နေမခအံသြနေစဉ်အတွင်း ထပ်ပြီးဆင်းလာတဲ့သူက
အဖေနဲ့ သူ့ရဲ့အစ်ကိုနေလင်းဖြစ်သည်

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now