EP6

2.6K 99 1
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၆

တော်ဝင်မြန်မာဟိုတယ်ရောက်တာနဲ့ ကျွန်တော်
အခန်းယူပြီးနားနေလိုက်သည် ဇွဲထက်နိုင်နဲ့လာရတဲ့ ဒီခရီးစဉ်ကို ကျွန်တော်မပျော်ဘူး ဇွဲထက်နိုင်ကတော့ အောင်မြင်သူအပြုံးနဲ့ ပြုံးနေသည် အဖိုးက ကျွန်တော်နဲ့အတူ သူရိန် နဲ့ မိုးထက်သာ ကိုခေါ်သွားခွင့်ပေးလို့ကျေးဇူးတင်ရမယ် တခြားလူတွေထက် ကျွန်တော်ယုံတာ သူတို့နှစ်ယောက်ပဲရှီသည်

"သခင်လေး  ပါတီက ဒီညတဲ့ "

"ကန်တော်ကြီး သွားလိုက်အုန်းမယ် "

"သခင်လေးမပင်ပန်းဘူးလား ခရီးမပမ်းဘူးလား "

" နည်းနည်းနားပြီးပြီပဲ ပြည်ဦးလွင်ရဲ့အငွေ့သက်လေးတွေ ခံစားချင်တယ် "

" ကျွန်တော့်လိုက်ချင်ပေမဲ့..."

" အစ်ကိုဇွဲထက်နိုင်ကြောင် မဟုတ်လား "

"ဟုတ်ကဲ့ "

"အပင်ပန်းခံလိုက်အုန်း ငါသွားလိုက်အုန်းမယ် "

"ဟုတ်ကဲ့ "

နေမခ လေကောင်းလေသန့်လည်းရှုချင်တာကြောင့် ဟိုတယ်က ဆိုင်ကယ်ယူပြီးပဲ ထွက်လာလိုက်သည်

🌺🌺🌺🌺🌺

ညနေစမယ့်ပါတီအတွက် မိုးထက်သာနဲ့ သူရိန် ဦးစီးပြီးလုပ်ရသည်  ဟိုတယ်ခန်းမက ကျယ်တာကြောင့် တော်တော်ပြင်ဆင်ရသည်

"နေမခဘာကြောင့်အပြင်ထွက်သွားရတာလဲ  ဒီနေ့ဘာနေ့လဲသူမသိတာလား "

ဒေါသဖြစ်နေတဲ့ ဇွဲထက်နိုင်ကြောင့် မိုးထက်သာနဲ့ သူရိန် ကြောင်သွားကာ

" ပါတီပွဲစဖို့အဝေးကြီးလိုပါသေးတယ်  "

" ငါ့မေးတာပဲဖြေ သူဘယ်ထွက်သွားတာလဲ "

" မသိဘူး.. "

"မသိဘူး...မသိဘူးဟုတ်လား "

ဇွဲထက်နိုင် မိုးထက်ကိုထိုးဖို့လက်အမြှောက်သူလက်ကို လာထိန်းလိုက်တဲ့သူ

" သခင်လေး! "

" ဒါဘာလုပ်တာလဲ အစ်ကို "

နေမခ ဇွဲထက်လက်ကိုလွှတ်ချလိုက်ပြီး မေးလိုက်သည်

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now