8

10K 1.7K 130
                                    

[Unicode]

"နှာဘူးကောင်"

ပိုင်ရှင်းယွီ အော်လိုက်သည်။ "Fuck!! မင်း ငါ့ကို လွှတ်စမ်း!!"

ပျာယာခတ်စွာ သူ အောက်ခံဘောင်းဘီကို လှမ်းဆွဲပြီး ယွီဖုန်းချန်ကို တွန်းထုတ်ဖို့ လုပ်ပေမယ့် သူနှစ်ခုလုံးကို မလုပ်လိုက်နိုင်။ သူ သူ၏သနားစရာ ဖြူဖွေးနေသည့် ညီလေး ပေါ်လာတာကို ကြည့်နေရသည်။ သူ ငိုချင်ချင်ပါဖြစ်လာတော့သည်။

ယွီဖုန်းချန် ပိုင်ရှင်းယွီ အရာလေးကို လှမ်းကြည့်ပြီး တိုးတိုးရယ်ကာ မေးလိုက်သည်။

"သိပ် မတက်ကြွပါလား။ ကူပေးရမလား?"

ပိုင်ရှင်းယွီ ကွဲအက်နေသော အသံဖြင့် ပြောလိုက်သည်။ "မင်းက စောက်နှာဘူးကောင်၊ အရူးကောင်၊ မင်းခေါင်းထဲမဟုတ်တာတွေပဲ ရှိနေတာ။ မင်း ငါ့ကို ထပ်ထိကြည့်လိုက်စမ်းပါ၊ ငါ့အကိုက -"

ယွီဖုန်းချန် ရုတ်တရက် သူ့လည်ပင်းကို စောင့်ဆွဲလိုက်သည်။ စနောက်သလို မျက်နှာအမူအရာလည်း မရှိတော့။ သူ့အကြည့်များကလည်း ခက်ထန်လာပြီး အေးစက်စက် အသံဖြင့် ပြောလာသည်။

"အနိုင်ကျင့်ခံရတိုင်း မင်းသိတာ မင်းအကိုကို ရှာဖို့ပဲ။ မင်း အသက် ဘယ်လောက် ရှိနေပြီလဲ။"

ပိုင်ရှင်းယွီ သူ၏ ရုတ်တရက် ပြောင်းလန်သွားသော မျက်နှာ အနေအထားကြောင့် လန့်သွားပြီး ကြောက်လန့်တကြီး ကြည့်နေမိသည်။

ယွီဖုန်းချန် သူ့နား အနားသို့ ကပ်လာပြီး အသံဩဩဖြင့် ပြောလာသည်။ "အောက်ထပ်က နည်းပြ ရုံးခန်းထဲမှာအများသုံး တယ်လီဖုန်းတစ်ခုရှိတယ်။ မင်း ကယ်တင်ရှင် အကိုတော်ကို ဖုန်းခေါ်လိုက်၊ ပြန်လာခေါ်ဖို့ ပြောလိုက်။စစ်တပ်ဆိုတာ မင်းလို ငကြောက်တွေ နေဖို့ နေရာ မဟုတ်ဘူး။ ဝေးနိုင်သမျှ အဝေးဆုံးသာ ထွက်သွား။ ဒီမှာ ဆက်နေပြီး လူတိုင်းကို နှောင့်နှေးအောင် လုပ်မနေနဲ့။"

ပိုင်ရှင်းယွီ မျက်နှာမှာ နီရဲလာသည်။ အကြောင်းမှာ ယွီဖုန်းချန် သူ့လည်ပင်းနားက သွေးကြောကို တမင် တက်ဖိထားသောကြောင့် ဖြစ်သည်။ သူ့ကို အသက်ရှု လုံးဝ ကြပ်သွားသည်အထိတော့ မဆိုးစေပေမယ့် အသက်ရှုဖို့ခက်ခဲလာပြီ ဖြစ်သည်။ သူ ယွီဖုန်းချန်ကို သိတာ ရက်ပိုင်းပဲ ရှိသေးတယ် ဆိုပေမယ့် သူ့အပေါ်ရှိသည့် ကြောက်စိတ်ကတော့ ပို ပိုပြီး နက်ရှိုင်းလာပြီ ဖြစ်သည်။ အထူးသဖြင့် အခုလို ကြောက်ရွံ့ဖို့ ကောင်းအောင် ခက်ထန်နေသည့် ယွီဖုန်းချန် ပုံစံကို မြင်ချိန်တွင် သူ ဒူးတောင် မခိုင်တော့။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now