11

10.2K 1.8K 154
                                    

[Unicode]

"ခါရမ်း၊ အိုး~ ခါရမ်း"

ယွီဖုန်းချန်ရဲ့ အရွယ်အစားက ဥရောပ၊ အမေရိက ကလို လူကြီးများရဲ့ အရွယ်အစားကို ယှဉ်နိုင်သည်။ သူလမ်းလျှောက်လာသည်နှင့် သူ့အရာက ခြေထောက်နှစ်ခုကြားတွင် လှုပ်ရမ်းနေပြီး ဆူညံနေတဲ့ အဝတ်လဲခန်းကို တခဏအတွင်း တိတ်ဆိတ်သွားစေတော့သည်။ သူ့ဘေးရှိ လူတိုင်းက ယွီဖုန်းချန် အောက်ပိုင်းကို ခိုးကြောင်ခိုးဝှက်ကြည့်နေကြပြီး ထိုမြင်ကွင်းက အလွန် ရယ်ချင်စရာကောင်းသည်။

ပိုင်ရှင်းယွီမှာ မနာလိုဖြစ်မိသလို မုန်းလည်း မုန်းမိသည်။ ရုပ်ရည်ရူပကာနှင့် ပတ်သတ်ပါက ယွီဖုန်းချန်မှာ ခေါင်းအစ ခြေအဆုံး အပြစ်ပြောဖွယ်ရာ မရှိ။ ချောမောနေသည့် မျက်နှာ၊ လှပပြီး နေရာတကျ ရှိနေတဲ့ ကြွက်သား၊ရှည်လျား သွယ်လျတဲ့ ခြေထောက်များပိုင်ဆိုင်ထားသည့်အပြင် ဟိုအရာကပါ သူများတွေထက် သာလွန်နေသေးသည်! ပိုင်ရှင်းယွီ တကယ်ကို နားမလည်နိုင်တော့။ ဒီလို ပြီးပြည့်စုံတဲ့ လူသား ပုံစံ ဖြစ်လာဖို့ ဒီဂြိုလ်ဆိုးလေး ငယ်ငယ်က ဘာတွေများ ကြုံခဲ့ရတာပါလိမ့်။

အဝတ်လဲခန်းအတွင်း မျက်စိဝေ့ကြည့်ပါက ယွီဖုန်းချန် အရာကို ယှဉ်နိုင်သည်မှာ တာ့ရှုန်း တစ်ယောက်ထဲသာ။တာ့ရှုန်း ပြုံးပြီး ပြောလိုက်သည်။

"ဘယ်ဆိုးလို့လဲ၊ Bro, အံ့အားသင့်စရာပဲ။"

ယွီဖုန်းချန် သူ့ပခုံးကို လှမ်းထိုးကာ ရယ်ပြီး ပြန်ပြောလိုက်သည်။

"မြန်မြန် သွားချိုးတော့။"

ယွီဖုန်းချန် ပိုင်ရှင်းယွီ ဘေးမှ ဖြတ်သွားချိန် ပိုင်ရှင်းယွီ တစ်ဖက်ကို အမြန်ပြန်လှည့်လိုက်ပြီး လော့ကာထဲမှ သူ့ပစ္စည်းများကို ရှင်းနေသလို ဟန်ဆောင်လိုက်သည်။ အစပိုင်းတွင် သူ သူ့အရွယ်အစားနှင့် ပတ်သတ်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ မိန်းမလှလေး များစွာနှင့် အိပ်ထားဖူးတာမို့ အနည်းဆုံးတော့ သူ့အရာက ရွှေသေနတ်လေးလိုပင်။ သို့ပေမယ့် ယွီဖုန်းချန် ပစ္စည်းကို မြင်လိုက်ရချိန်တွင် သူ့အရာက ဘာမှ မဟုတ်သလိုတောင် ခံစားလိုက်ရသည်။ ဒါက အုပ်စုလိုက် ရေချိုးရခြင်း၏ ဆိုးကျိုးတစ်ခုဖြစ်သည်။ ယောက်ျားလေး အများစု စိုးရိမ်ပူပန်ရသည့်အစိတ်အပိုင်းလေးက ပုံမှန်အားဖြင့် ဘောင်းဘီများဖြင့် ဖုံးကွယ်ခံထားရပေမယ့် သူတို့ကို ကာထားခြင်းမရှိ၊ပေါ်လာချိန်တွင်တော့ လူတိုင်းက တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ်ချင်သွားကြသည်သာ။ အချို့ကတော့ ကျေနပ်ဂုဏ်ယူကြလိမ့်မည်၊ အချို့ကတော့ သိမ်ငယ်မှုများဖြင့် ကျော်ဖြတ်မရသည့် အခက်အခဲတစ်ခုအား ထိပ်တိုက်တွေ့ရသလို ဖြစ်သွားတတ်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now