27

11K 1.9K 657
                                    

[Unicode]

'ဦးလေးငယ်'

ပိုင်ရှင်းယွီ ကြောင်အစွာဖြင့် ပြောလိုက်သည်။ "ဘာကို ကစားမှာလဲ။"

"ငါနဲ့ အတူလိုက်လေ့ကျင့်။"

"ငါ အခုတင်နေ့လည်စာ စားပြီးတာ၊ ပင်ပန်းနေတယ်၊ ဘာ လေ့ကျင့်ရေးလုပ်မှာလဲ။"

"မင်းကို သွားဖို့ပြောရင် သွား။" ယွီဖုန်းချန် သူ့ကို ဆွဲထူလိုက်သည်။

ဖုန်းသုန့်ယွမ် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "ငါလည်း မင်းနဲ့အတူလိုက်ခဲ့မယ်။ အစာလည်းကြေ .."

"မလိုက်ရဘူး။" ယွီဖုန်းချန် ဖုန်းသုန့်ယွမ်ကို ကြည့်လိုက်သည်။ "ငါ သူ့ကို သွေးပူအောင် လုပ်ပေးမလို့၊ မင်းက ဘာလိုက်လုပ်မှာလဲ။"

ဖုန်းသုန့်ယွမ် ကြောင်သွားသည်။ ယွီဖုန်းချန် သာမန်ဆို သူ့အား ပြူပြူငှါငှါဆက်ဆံလေ့ရှိသည်၊ ဒီနေ့ကျမှ ဘာလို့ ရန်လိုနေရတာပါလိမ့်။ သူ တွေးကြည့်ပေမယ့် ယွီဖုန်းချန် စိတ်မကျေမနပ်ဖြစ်အောင် လုပ်မိသည့် ကိစ္စမျိုး သူ မှတ်မိခြင်းရှိမနေ။

ပိုင်ရှင်းယွီကတော့ ယွီဖုန်းချန် ဆွဲခေါ်သွားမှုဖြင့် ကစားကွင်းပြင်သို့ ရောက်လာသည်။ သူ မကျေမနပ်ဖြင့် တိုးတိုးရေရွတ်လိုက်သည်။

"အစားစားပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ရဘူးလို့ ခေါင်းဆောင်ပြောထားတယ်။ အဲ့တာက မင်းကို အူကျစေလေ့မယ်တဲ့။"

"ငါလည်း မင်းကို လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခိုင်းမနေပါဘူး။" ယွီဖုန်းချန် သူ့ကို ခုံရှည်တန်း အစွန်းဘက်တွန်းပို့လိုက်သည်။

"ထိုင်" ထို့နောက် သူကိုယ်တိုင်လည်း ထိုင်ချလိုက်သည်။

ပိုင်ရှင်းယွီ မသေချာမရေရာမှုများဖြင့် ထိုင်ချကာ ဘေးဘီပတ်လည်ကို ကြည့်လိုက်သည်။

"မင်း ငါ့ကို ဘာလို့ ဒီခေါ်လာတာလဲ။"

ယွီဖုန်းချန်လည်း သူဘာလုပ်လို့လုပ်မိနေမှန်း မသိ၊ သူ ပိုင်ရှင်းယွီနှင့် ဖုန်းသုန့်ယွမ် တလုံးတထွေး လုပ်နေတာကို မမြင်ချင်ရုံသက်သက်သာ။ သူ ပိုင်ရှင်းယွီကို မျက်စိဆွေကြည့်လိုက်သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now