102

12.6K 1.9K 304
                                    

[Unicode]

'သူ နိုးလာမှာပါ။'

ယန့်ချင်နှင့် မိုင့်ကျီတို့က ရှေ့ဆင့်နောက်ဆင့် ခွဲခန်းထဲမှ ပြန်ထွက်လာနိုင်ကြသည်။ အခြား ဒဏ်ရာရ အထူးစစ်သားများနှင့် ဓားစာခံများလည်း ကုသလို့ပြီးသွားပေမယ့် ယွီဖုန်းချန်ရဲ့ခွဲစိတ်ဝင်ချိန်က ၇ နာရီထက် ပိုကြာနေသည်။

နှင်းကျားသစ်အသင်းသားများ ခွဲခန်းအရှေ့တွင် ၇ နာရီကျော်ကြာအောင် ရပ်စောင့်နေပြီး အချက်ပြမီး ပိတ်သွားတာနှင့် သူတို့အကုန် တံခါးအနားသို့ အပြေးသွားလိုက်ကြသည်။ ပထမဆုံးထွက်လာသူမှာ ဘော့စဝါးနားမြို့ခံဆရာဝန်ဖြစ်သည်။ ထိုသူမှာ ရုတ်တရက် အရပ်ရှည်ရှည်၊ သွေးစွန်းနေပြီး လူသတ်ချင်စိတ်အပြည့်ရှိနေတဲ့ အထူးစစ်သားများ၏ဝန်းရံခြင်းကို ခံလိုက်ရတာမို့ သေးငယ်လို့သွားပြီး ကြောက်ရွံ့ခြင်းကြောင့် မျက်လုံးများပင် ကျွတ်ကျတော့မတတ်။

"သူ့အခြေအနေ ဘယ်လိုလဲ၊ ဒေါက်တာ။"

"ဒဏ်ရာတွေကိုတော့ ကုသပေးထားပြီးပါပြီ။ အသက်အန္တရာယ်စိုးရိယ်ရတဲ့အဆင့်မှာ မရှိတော့ပါဘူး။ ဒါပေမယ့် လူနာဖြစ်သူ ခံစားခဲ့ရတဲ့ဒဏ်ရာတွေက များလွန်းတာမို့ ကျွန်တော်တို့မြို့တော် ဆေးရုံကို တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွေးကုသတာ ပိုကောင်းပါလိမ့်မယ်။"

လောင်-ရှား တရုတ်လို ရိုင်းပျပျပြောလာသည်။ "မင်းအဘကြီးရဲ့မြို့တော်ကို ပြန်။ ပေ့ကျင်းကို သွားမှရမယ်။"

ချန်းကျင်းလည်း ဝင်ပြောသည်။ "ဟုတ်တယ်။ ဒီက ကုသစံနှုန်းက တရုတ်ပြည်လောက် မကောင်းဘူး။ ကျွန်တော်တို့ ဖုန်းချန်ကို တတ်နိုင်သမျှ အမြန်ဆုံး ပေ့ကျင်း ရောက်အောင် ပြန်ခေါ်သွားရမယ်။

ဟော့ချောင် သူ့ဆံပင်သူ ထိုးဖွနေသည်။ "ငါ သံရုံးနဲ့ စကားသွားပြောလိုက်မယ်။ အကုန် ပြန်သွားနားတော့။"

ပိုင်ရှင်းယွီ တံခါးဘေးတွင် ဆိတ်ဆိတ်ငြိမ်ရင်း ရပ်နေသည်။ သူ အထဲ ဝင်သွားကြည့်ချင်ပေမယ့် အခု လူနာတွေ့လို့ မရနိုင်နေသေးမှန်း သိထားသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now