46

19.1K 2.2K 1.3K
                                    

[Unicode]

'ပထမဆုံးအကြိမ် ချစ်တင်းနှီးနှောခြင်း"

ပိုင်ရှင်းယွီ သူ့လက်ကို တွန်းထုတ်လိုက်သည်။ "ရပြီ၊ ပြဿနာမရှာနဲ့။ မင်း ပြန် .."

ပြောရင်း သူ ယွီဖုန်းချန် လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ချိန် ရုတ်တရက် စိုစွတ်ပြီး စေးကပ်ကပ်အထိအတွေ့အား ခံစားလိုက်ရတာမို့ ငုံ့ကြည့်လိုက်သော် ထိုအရာက သွေးများဖြစ်နေသည်။ သူ ချက်ချင်း ယွီဖုန်းချန်၏ အင်္ကျီလက်ကို မကြည့်လိုက်ပြီး သွေးများက လက်တစ်လျှောက် စီးကျနေတာကို မြင်လိုက်ရသည်။

"ဒါ.. ဒါက ဘယ်လိုဖြစ်တာလဲ။" ယွီဖုန်းချန်က အနက်ရောင် အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး လာရာ လမ်းတစ်လျှောက်ကလည်း မှောင်မည်းနေတာမို့ ယွီဖုန်းချန် ဒဏ်ရာရထားမှန်း သူ သတိမထားမိ။ ပြန်တွေးကြည့်ပါက ယွီဖုန်းချန်က သူတို့နှစ်ယောက်ရှေ့ ကာကွယ်ပြီး ရပ်ပေးနေခဲ့တာဖြစ်သည်။

ယွီဖုန်းချန် တစ်ချက်ငုံ့ကြည့်ပြီး 'အိုး'ဟု အသံပြုလာသည်။

"ချီးကို 'အိုး'.. မင်းအင်္ကျီချွတ်လိုက်၊ ငါ တစ်ချက်ကြည့်ရအောင်။" သူ ယွီဖုန်းချန်၏ အင်္ကျီကို ဆွဲချွတ်ကြည့်လိုက်ချိန် ယွီဖုန်းချန်၏ လက်မောင်းက ဘီယာပုလင်းကွဲဖြင့် ဖြတ်ရှခံထားရတာဖြစ်ပြီး ဒဏ်ရာကလည်း အတော်လေး နက်ပုံပေါ်လှသည်။

သူ စိုးရိမ်တကြီး ပြောလိုက်သည်။ "ငါလူးကို အေးအေးဆေးဆေးနေနေတာလား။ ဒဏ်ရာရထားကို ငါ့မပြောဘူး။ ငါနဲ့အတူ ဆေးရုံသွားမယ်။"

"ဘာ ဆေးရုံလဲ။ ရန်ဖြစ်ခဲ့မှန်း သိသွားရင် ဘယ်လိုလုပ်မလဲ။" ယွီဖုန်းချန် သူတို့ဟော်တယ်မှ ငှါးယူခဲ့သော ဆေးသေတ္တာဗူးကို လက်ညှိုးထိုးပြလိုက်သည်။ "ဒဏ်ရာက အဲ့လောက်ဆိုးတာလည်း မဟုတ်ဘူး။ ငါ ဘာလုပ်နေလဲ ငါ သိတယ်။ ငါ့ကို ဒီတိုင်းပဲ ပတ်တီးစည်းပေးလိုက်။"

ပိုင်ရှင်းယွီ သူ့အား သံသယမကင်း ကြည့်လိုက်သည်။ "တကယ်ရရဲ့လား။ နောက်ဆက်တွဲရောဂါမျိုး မရှိဘူးမလား။"

"မရှိပါဘူး။" ယွီဖုန်းချန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "အမာရွတ်ကျန်ခဲ့တာကလွဲရင် ဘာဖြစ်နိုင်သေးလို့လဲ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now