75

12.6K 1.9K 434
                                    

[Unicode]

'ပထမဆုံးမစ်ရှင်၊ ပထမဆုံးလူသတ်မှု'

နောက်တစ်နေ့ မိုးမသောက်ခင် သူတို့ ထွက်ခွါလိုက်ကြသည်။

နောက်ဆုံးရရှိထားသည့်သတင်းအချက်အလက်အရ အကြမ်းဖက်အဖွဲ့က စုံစမ်းစစ်မေးခံရခြင်းကို ရှောင်ရှားရန်အဖွဲ့ခွဲ၍ နိုင်ငံအတွင်း ဝင်ရောက်လာကြောင်း သိထားရသည်။ ထို့ကြောင့် သူတို့လည်း သုံးဖွဲ့ခွဲကာ လှုပ်ရှားရတော့သည်။ ပိုင်ရှင်းယွီအဆောင်မှ လူလေးယောက်လုံးကတော့ ဟော့ချောင်အသင်း၏ ဦးဆောင်မှုနောက်မှ ခွန်းလွန်းတောင် တောနက်အတွင်းသို့ အစအနချန်ရစ်ခဲ့ခြင်းမရှိ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဆောင်းတွင်းဝင်ကာစအချိန်မို့ နှင်းကျခြင်းက ထူထပ်မှု မရှိသေးပဲ တောင်ပေါ်လမ်းတစ်လျှောက် ဖြတ်သန်းသွားရတာလည်း သိပ်မခက်ခဲလှ။

တရုတ်-အာဖဂန်နစ္စတန် နယ်နမိတ်စည်းအနားတွင် ဆက်စပ်လို့နေသည့် ရွာ ခုနှစ်ရွာ ရှိလေသည်။ ထိုနယ်မြေက အင်တာနက်ပေါ်တွင်တောင် အမည်ဖော်ပြခြင်းကို ပိတ်ပင်ခံထားရသည့်နေရာဖြစ်၏။ ခွန်းလွန်းတောင်ကို ဖြတ်ကျော်၍ ရောက်လာကြသည့် မင်္သကာစရာ လူအထွေထွေတွင် အကြမ်းဖက်သူများ၊ မှောင်ခိုသွင်းသူများ၊ မူးယစ်ဆေး ရောင်းဝယ်သူများ၊ ကျူးကျော်ဝင်ရောက်နေထိုင်သူများနှင့် သတ္တုတွင်းတူသူများ ရောထွေးပါဝင်လို့နေသည်။ ကုန်စည် တင်သွင်းလဲလှယ်ခြင်း အကုန်လုံးနီးပါးက ဒီနယ်မြေအပိုင်းအခြားကြားတွင်သာ အမြဲပြုလုပ်လိမ့်ရှိကြသည်။ ဒီနေရာတွင် တရားဥပဒေဆိုတာ မရှိပဲ နှစ်ပေါင်းထောင်ချီကတည်းက လက်ဆင့်ကမ်းကျင့်သုံးလာသည့် ရိုးရာစည်းမျဉ်းစည်းကမ်းများကိုသာ အခြေခံ၍ ရပ်တည်နေခြင်းဖြစ်၏။ နယ်နမိတ်အနီးအနားရှိ လူနေဝန်းကျင် ဖွဲ့စည်းပုံက အတော်လေး ရှုပ်ရှုပ်ထွေးထွေးနိုင်လှပြီး အလွန်လည်း ကို့ရိုးကားရား ရှိလှသည်။ အပြတ်ရှင်းမထုတ်ပစ်ရတာလဲဟူသည့် အကြောင်းပြချက်တွင်တော့ ဒေသခံတိုင်းရင်းသားလူစုကို လေးစားသမှုနှင့်ဆိုသည့်အချက်ထက် ထုတ်ပြော၍မရနိုင်သော စည်းမျဉ်းများ ရှိနေတာကြောင့်ပင်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now