19

11.1K 2K 371
                                    

[Unicode]

'အိမ်သို့ ဖုန်းတစ်ကော'

ဒီအချိန်မှာတော့ ဖုန်းခေါ်ဆိုလို့ရသည့် အခန်းအတွင်း လူမရှိ၊ ပိုင်ရှင်းယွီ ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့အမေနံပါတ်ကို ရိုက်ထည့်လိုက်သည်။

ဖုန်းက အလျင်အမြန်ပဲ တစ်ဖက်နှင့် ဆက်သွယ်မိသွားပေမယ့် သူ့အမေက သေချာပေါက် အိပ်ပျော်နေဆဲဖြစ်ပြီး အိပ်ချင်မူးတူးအသံတစ်သံ ထွက်လာသည်။

"ဟယ်လို?"

ပိုင်ရှင်းယွီ နှာခေါင်းများက စပ်ဗျဉ်းဗျဉ်းဖြစ်လာပြီး သူ တိုးတိုးလေး ပြောလိုက်သည်။

"မား"

ထိုအသံက ကြောင်လေးတစ်ကောင် ငိုသံလိုပင်၊ စိတ်ထိခိုက်စွာ သနားဖို့ကောင်းလှသည်။

"ရှင်းယွီ? သားလားဟင်၊ ပေါင်းပေ့?"

"မား၊ သားပါ။"

"ရှင်းယွီ" လီဝေ့ကျီ ရုတ်တရက် ထငိုတော့သည်။ "ဘာလို့ တစ်လကျော်တောင် ဖုန်းမခေါ်ပဲ နေရတာလဲ။ မား သားကို အရမ်းလွမ်းနေတာ။"

ပိုင်ရှင်းယွီ ငိုချင်စိတ်ကို အောင့်ထားရင်း ရှိုက်သံထွက်မလာအောင် မျိုသိပ်ထားလိုက်သည်။

"သား .. သား လေ့ကျင့်ရေးတွေနဲ့ အလုပ်ရှုပ်နေလို့ပါ။"

"သား၊ စစ်တပ်ထဲ ဘာတွေလုပ်နေရလဲ။ အဆင်ကော ပြေရဲ့လား။"

ပိုင်ရှင်းယွီ သူ့နှုတ်ခမ်းကို ပြားသွားအောင် ဖိထားရင်း ပြောလိုက်သည်။ "ဟင့်အင်း မား, သား အရမ်းပင်ပန်းတာပဲ။ မနက်တိုင်းလည်း အစောမထနိုင်ဘူး။ သား အိမ်ကို အရမ်းလွမ်းတာပဲ။"

လီဝေ့ကျီ ပို၍ပင် ကျယ်ကျယ်လောင်လောင် ငိုတော့သည်။

ပိုင်ရှင်းယွီ သူ့အမေထံ ညည်းညူးတိုင်တန်းမိခြင်းအပေါ် ချက်ချင်း နောင်တရသွားပြီး သူ့စကားများကို ပြန်ပြောင်းပြောရတော့သည်။

"မား မငိုပါနဲ့။ အစပိုင်းကတော့ သေချာပေါက် ပင်ပန်းတာပေါ့၊ ဒါပေမယ့် အခုတော့ .. သား အဆင်ပြေနေပါပြီ၊ သား တဖြည်းဖြည်းနဲ့လည်း ကျင့်သားရနေပြီ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now