106

12.8K 1.9K 296
                                    

[Unicode]

'လူနာကို ပါးရိုက်ခြင်း'

တနင်္ဂနွေနေ့ မနက်ခင်ပိုင်းတွင် ဖုန်းသုန့်ယွမ် ပိုင်ရှင်းယွီထံ ဖုန်းလှမ်းဆက်လာသည်။ "ရှင်းယွီ၊ မင်း ဒီနေ့ ဖုန်းချန်နဲ့သွားတွေ့မှာမလား။ ငါ မင်းနဲ့အတူလိုက်ခဲ့ပေးရမလား။"

ပိုင်ရှင်းယွီ ခဏတာမျှတိတ်ဆိတ်သွားသည်။ "မလိုဘူး။ ငါ မသွားတော့ဘူး။"

"ဪ၊ ဟုတ်ပြီ။"

"ကျောင်းက နောက်တစ်ပတ်ဆိုဖွင့်တော့မှာ၊ မင်း အဆင်သင့်ဖြစ်နေပြီလား။"

ဖုန်းသုန့်ယွမ် စိတ်လှုပ်ရှားတကြီးပြောလာသည်။ "ကျောင်းကိုတောင် အစောလာမယ့်အကြောင်း ငါ ပြောထားပြီးပြီ။ နောက်နှစ်ရက်လောက်နေရင် အဆောင်ပြောင်းတော့မလို့။ ကျောင်းအစပိုင်းမှာ စစ်သင်တန်း တစ်လသင်ရမယ်တဲ့။ ဟားဟား ကိုအာလာမှာတုန်းက သူများတွေကို ငါက နည်းပြခဲ့ရတာ။ အခုတော့ ငါ့ကို ပြန်နည်းပြပေးမယ့် အခြားသူတွေပေါ်လာပြီ။"

ပိုင်ရှင်းယွီလည်း ရယ်သွားသည်။ "မင်း စစ်တပ်ဘဝကို နည်းနည်း ထပ်ခံစားလို့ ရသွားတာပေါ့။ ဘယ်လောက်ကောင်းလဲ။"

"ဟားဟား၊ အဲ့ဒါလည်း ဟုတ်တာပဲ။"

သူတို့ အကျဉ်းချုံးမျှ စကားစမြည်ပြောပြီးတာနှင့် ဖုန်းချလိုက်ကြသည်။ ပိုင်ရှင်းယွီ သူလာလည်မှာကို စောင့်နေလောက်မည့် ယွီဖုန်းချန်ကို တွေးမိပြီး နည်းနည်းလေးတော့ အပြစ်ရှိသလို့ ခံစားလိုက်ရပေမယ့် သူ အစကတည်းက သွားဖို့ စီစဉ်ထားခြင်း မရှိ။ ထိုနေ့ကလည်း လူများစွာရှေ့တွင် ငြင်းရတာ မလွယ်လှတာမို့သာ။ အခုချိန် သူ့စိတ်က ရွံ့နွံထဲနစ်သလို ရှုပ်ထွေးနေတာမို့ ယွီဖုန်းချန်နှင့်သာ တွေ့လိုက်ပါက ထိုအရှုပ်အထွေးများက တစ်ပြိုင်နက်တည်း အစိုင်အခဲတစ်ခုဖြစ်လာလိမ့်မည်။

တနင်္လာနေ့မနက်ခင်းတွင် သူ ပုံမှန်အတိုင်း ရုံးသွားဖို့လုပ်လိုက်သည်။ သူ့ကားကို မြေအောက်ပါကင်ထိုးရာသို့ ကွေ့ဝင်လိုက်ရာ ဦးထုပ်ကိုငိုက်စောင်းထားသည့် ကျောက်ပတ်တီးနှင့်လူတစ်ယောက်က သူ့ပုံမှန်ကားထားရာနေရာတွင် မတ်တပ်ရပ်လျက်ရှိနေတာကို မြင်လိုက်ရသည်။ သူ့နှလုံးသားထဲ တုန်လှုပ်သွားရပြီး အနီးကပ် ကြည့် ကြည့်လိုက်ရာ ယွီဖုန်းချန်ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲ အဆဲစကားလုံးများ ထောင်ချီအောင် ပေါက်ဖွားလာပြီး ဒေါသကလည်း ငယ်ထိပ်အထိ ဆောင့်တက်လာတော့သည်။ သူ ခပ်ကြမ်းကြမ်း တစ်ချက်ကွေ့ချရင်း သူ့ကားကို ကားထိုးရာနေရာသို့ အရှိန်နှင့် လွင့်သွားအောင် ပြုလုပ်လိုက်မိသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now