31.1

11.9K 1.9K 391
                                    

[Unicode]

ပိုင်ရှင်းယွီမှာ တကယ်ကို အရေးပေါ်ဖြစ်နေတာမို့ အခုအချိန် သူ့ညီလေးကို ဘယ်သူပဲ ထိန်းကိုင်ပေးထားပါစေ၊ သူ့ကိစ္စကို ခြုံကြားထဲ ပျော်ပျော်ကြီး ရှင်းလိုက်မည် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က နည်းနည်း ယိုင်တိုင်တိုင်ဖြစ်နေတာမို့ တကိုယ်လုံး ယွီဖုန်းချန်ပေါ် မှီထားလုနီးပါး ဖြစ်နေသည်။ ယွီဖုန်းချန်ကျောက နံရံကို မှီလျက်ရှိနေပြီး လက်တစ်ဖက်က ပိုင်ရှင်းယွီခါးကို ထိန်းကိုင်ကာ တစ်ဖက်က အနည်းငယ်မျှမာထန်နေသော ပိုင်ပိုင်လေးကို ကိုင်ထားပေးသည်။ ရေကျသံက သူ့တကိုယ်လုံးကို ယားကျိကျိနှင့် တောင့်တင်းသွားစေသည်။

ကိစ္စရှင်းပြီးချိန်မှာတော့ ပိုင်ရှင်းယွီ နေသာသွားသလို အသက်ရှုထုတ်လိုက်သည်။ အရက်ကြောင့် မွှန်ထူနေသည့် ဦးနှောက်ကလည်း ရှက်ရွံမှုကို စတင်ခံစားလာရတာမို့ သူ စမ်းတဝါးဝါးနှင့် ဇစ်ကို လှမ်းဆွဲလိုက်ချိန်တွင် ယွီဖုန်းချန်လက်ကို မတော်တဆ ထိကိုင်လိုက်မိသည်။

ယွီဖုန်းချန် သူ့မေးကို ပခုံးပေါ်တင်ရင်း တိုးလျလျပြောလိုက်သည်။ "စကားမစပ်၊ မင်းရဲ့ညီလေးနဲ့ ငါ တွေ့ဖူးတာ ဒါပထမဆုံး မဟုတ်ဘူးပဲ။" သူ ပျော့ခွေခွေဖြစ်နေသည့် အသားလွှာကို ပွတ်ရင်း နုနုရွရွ ကျီစယ်လိုက်သည်။

"Mmm .. မင်း ဘာလုပ် .."

ပိုင်ရှင်းယွီ အားမရှိစွာ သူ့လက်ကောက်ဝတ်ကို ဆွဲတားလိုက်ပေမယ့် ခံစားရခက်အောင် သူ့အောက်ပိုင်းက နိုးကြားလာသည်။ နောက်ဆုံးတစ်ခေါက် ယွီဖုန်းချန် လက်ထဲ ပြီးသွားကတည်းက သူ့ဘာသာ တစ်ကြိမ်၊နှစ်ကြိမ်မျှ ချော့မြူသေးပေမယ့် အမြဲတမ်းလိုလို စိတ်ကျေနပ်ခြင်း မရှိခဲ့။ ကိုယ်တိုင် ထိတွေ့ရခြင်းနှင့် အခြားသူတစ်ယောက် ချော့မြူပေးခြင်းက သေချာသလောက် ကွာခြားနေတာမို့ သူ ယွီဖုန်းချန်၏ ဂြိုလ်ဆန်ဆန်လက်ကို အမှတ်ရနေမိသည်။ ဘယ်လိုပဲဖြစ်နေပါစေ ထိုညက တမူထူးပြီး အားရဖို့လည်း ကောင်းသည်။ ဒီအချိန်မှာတော့ သူ၏ စိတ်လှုပ်ရှား၊ အပြစ်ကျူးလွန်နေသလို ခံစားနေရသည့် ခံစားချက်များ ပြန်ရောက်ရှိလာတော့သည်။ သူ့မှာ ကျန်ရှိနေသေးသည့် ဆင်ခြေတုံတရားက ရပ်တန့်ဖို့ ပြောနေပေမယ့် သူ့ပိုင်ပိုင်လေး ယွီဖုန်းချန်လက်ထဲ ပိုရောက်သွားအောင် ခါးကို မသိမသာပင် ကော့တင်ပေးထားမိသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now