Little Angel Dong Yuan.2

6.7K 1.1K 152
                                    

[Unicode]

လေ့ကျင့်ရေးကာလပြီးသွားသည့်နောက် တပ်သားသစ်များလည်း တန်းခွဲသတ်မှတ်ခံရပြီး တော်တော်များများက တပ်ခွဲ (၃)၊ တန်းခွဲ (၃) သို့ ရောက်လာကြလေသည်။

သူလေ့ကျင့်ပေးလာခဲ့သည့်တပ်သားသစ်များနှင့် တစ်တန်းတည်း အတူရှိရတာ ကောင်းတဲ့ကိစ္စဆိုပေမယ့် ဖုန်းသုန့်ယွမ် အခုတလော စိတ်မပျော်ရွှင်နေ။ အကြောင်းကား ချန်းကျင်းနှင့် ပိုင်ရှင်းယွီတို့ နှစ်ယောက်လုံးက နှင်းကျားသစ်တပ်မဟာသို့ ဝင်ခွင့်အောင်မြင်သွားပြီး သူတို့က စစ်တပ်ထဲတွင် သူနှင့် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်တာမို့ သူ့အား အတော်လေးစိတ်ထိခိုက်နေစေသည်။

ချန်းလျန်လည်း သူ့နည်းတူ စိတ်မသက်မသာဖြစ်နေပေမယ့် ဟာသလုပ်ပြီးပြောလာဆဲ။ "ငါတို့ခေါင်းဆောင်ကတော့ တောင်ပံအသစ်တွေနဲ့ လေဟုန်စီးပျံတော့မယ်။ ကောင်းတဲ့ကိစ္စပဲကွာ။"

"ဘာကိုပျံမှာလဲ။ နှင်းကျားသစ်တပ်မဟာဆိုတာက အန္တရာယ်အများဆုံးမစ်ရှင်တွေချည်း ထမ်းဆောင်ရတာ။ ရှင်းယွီက အကြမ်းပတမ်းမခံနိုင်တာနဲ့ ... ဝေ့၊ ငါ တကယ် သူတို့ကိုစိတ်ပူတယ်။"

ဖုန်းသုန့်ယွမ် စာနှစ်စောင်ရေးနေရင်း ရပ်လျက် တုန့်ဆိုင်းစွာပြောလာသည်။ "ချန်းလျန်၊ ငါ .. ငါ တွေးတာလေ၊ ငါ တွေးမိနေတာ ရှင်းယွီ ဒုတိယမြောက်လူရွေးပွဲကို မအောင်ရင်ကောင်းမှာပဲလို့။ အဲ့လိုတွေးမိနေတာ ငါ ဆိုးလွန်းတယ်မလား။"

"တကယ်တော့ ငါလည်း အဲ့လိုတွေးနေမိတာပဲ။" ချန်းလျန် သူ့ဆံပင်တိုလေးကို ပွတ်ဖွပေးလေသည်။ "ခေါင်းဆောင်ကို ငါ စိတ်မပူဘူး။ ခေါင်းဆောင်က ဉာဏ်ကောင်းပြီး စိတ်ချရတယ်။ ရှင်းယွီ .. ငါ့အထင် ရလာမယ့် အတွေ့အကြုံတွေနဲ့ အောင်မြင်သွားလောက်ပေမယ့် နှင်းကျားသစ်ကို တကယ် မသွားစေချင်ဘူး ..."

"အဲ့ပိုင်ရှင်းယွီဆိုတာ ဘယ်သူလဲ။" တံခါးအနားမှ အေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။

သူတို့နှစ်ယောက် ခေါင်းလှည့်ကြည့်လိုက်တာနှင့် တံခါးဘောင်ကို မှီလျက်ရပ်နေသည့် ဝေ့ယိမင်ကို မြင်လိုက်ရပြီး ချွေးများက သူ့ခေါင်းမှ မျက်နှာပေါ်အထိ စီးကျနေလျက် ရွှဲနစ်နေသည့်စွပ်ကျယ်ကလည်း ဖုဖောင်းထွက်နေတဲ့ကြွက်သားများအပေါ် ကပ်ကျလို့နေသည်။ သူ့ပခုံးပြင်ကလည်း ကျယ်ပြန့်ကာ အရပ်နှင့် ခြေတံများကလည်း ရှည်လျားလှ၏။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now