48

15.2K 2K 472
                                    

[Unicode]

'နှင်းကျားသစ်တပ်မဟာ၏ လူရွေးချယ်ခြင်း'

ပိုင်ရှင်းယွီ မျက်ဆံလှန်ပြလိုက်သည်။ "သတ္တိရှိရင် မင်း ငါ့ကို သတ်လိုက်လေ။"

ယွီဖုန်းချန် သူ့မေးဖျားကို ဖျစ်ကိုင်ပြီး ခေါင်းတခါခါလုပ်လိုက်သည်။ "အထင်ကြီးမနေနဲ့။ ငါ မင်းကို သတ်ချင်ရင် ခဏလေး။"

ပိုင်ရှင်းယွီ လက်ခလည် ထောင်ပြပြီး အဝေးတွန်းထုတ်ကာ ပြန်လှည့်ပြေးသွားတော့သည်။

ယွီဖုန်းချန် သူ့အနောက်မှလိုက်ရင်း ဆိုးမိုက်မိုက် အပြုံး ပြုံးသွားသည်။ "တစ်ညတည်းနဲ့ ပြေးနိုင်သွားတာ။ ကြည့်ရတာ မင်းရဲ့ ခန္ဓာကိုယ် ပြန်ကောင်းနိုင်စွမ်းက တော်တော်ကောင်းပုံပဲ။"

ပိုင်ရှင်းယွီ ဆဲရေးလိုက်သည်။ "ခွေးသားလေး၊ ငါ့နောက်က လိုက်မလာနဲ့။"

ယွီဖုန်းချန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူတို့ အိမ်တော်မှာ နှစ်ရက်မျှ နေထိုင်ခဲ့ပြီး လယ်တဲမှာ ပျော်ပါးကစားဖို့ နည်းလမ်းပေါင်းများစွာကို ရှာတွေ့ခဲ့ကြသည်။ ဟင်းသီးဟင်းရွက်များ ခူးခြင်း၊ အသားကင်ခြင်း၊ ငါးများခြင်းနှင့် ကတ်များဖြင့် ကစားခြင်း စသည်ဖြင့်။ ယောက်ယက်ခတ် သွားလာလှုပ်ရှားနေသည့် မြို့ကြီးဒေသနှင့် ဝေးကွာလှသည့် ရိုးရှင်းသာယာလှတဲ့ စံနှုန်းထား နေရာတစ်ခုဖြစ်သည်။ ဒီနေရာကို ကျန်းဆွေ့ယင်း မကြာခဏဆိုသလို လာအနားယူခြင်းက အံ့ဖွယ်မရှိတော့။

လူအများရှေ့တွင်တော့ ယွီဖုန်းချန်က အပြစ်အနာအဆာမရှိအောင် ပြုမူနေတတ်သည်။ သူက ပိုင်ရှင်းယွီအတွက် ညီအစ်ကိုလို ရဲဘော်ရဲဘက်ကောင်းတစ်ယောက်ဖြစ်သည်။ သူက ယဉ်ကျေး၊ ပညာတတ်၊ အသိဉာဏ်ကြွယ်ဝကာ စကားပြောလည်းကောင်းသလို အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး ရည်ရည်မွန်မွန် ပြောဆိုနိုင်နေတာမို့ အဘိုးကျန်းဖြစ်သူ၏ ချီးကျူးမှု တသသရရှိနေသူက ညအချိန်ဆို သူ့ရဲဘော်အခန်းထဲ ခိုးဝင်ပြီး သူနှင့် မအိပ်ရမနေနိုင်ဖြစ်နေတာကို ဘယ်သူများသိကြပါသလဲ။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now