Special Chapter 14

7K 647 46
                                    

[Unicode]

'အကြီးအကဲ ပါတီလာခဲ့လေ'

ပိုင်ရှင်းယွီ အိမ်၌ စာချုပ်အကြောင်းအရာများ ပြင်ဆင်နေချိန် ယွီဖုန်းချန်ထံမှ ဖုန်းဝင်လာပြီး သူ့ကို KTV လာခဲ့ရန်ခေါ်လေသည်။

ပိုင်ရှင်းယွီ သူ့လက်ပတ်နာရီကို ငုံ့ကြည့်ရင်း သမ်းဝေမိသွားသည်။ "အတော်လေးနောက်ကျနေပြီ။ မင်းဘာသာပဲ ပျော်ခဲ့တော့။ ငါလည်း မင်းအတန်းဖော်တွေနဲ့ ရင်းနှီးတာမှမဟုတ်ပဲ။"

"ငါ့အဆောင်ကလူတိုင်းကို မင်းသိတာပဲမဟုတ်လား။" ယွီဖုန်းချန်အသံက နည်းနည်းမူးနေပုံပေါ်လှသည်။ "သူတို့အကုန်လုံး မင်းကို မြင်ဖူးချင်နေတာ။ ကိုယ့်ကိုမျက်နှာသာပေးလေ၊ လောင်ဖော်"

"အရက်သောက်နေကြတာလား။" ပိုင်ရှင်းယွီ တိုးတိုးရေရွတ်ပြောလိုက်သည်။ "ဟုတ်ပြီ၊ ငါမင်းကိုလာကြိုမယ်။ စောင့်နေ။"

ပိုင်ရှင်းယွီ အင်္ကျီလဲ၍ မှန်အရှေ့တွင် သူ့ဆံပင်ကို အကြိမ်ရေအနည်းငယ်မျှ သပ်တင်ရင်း ချောမောမှုများစွာဖြင့် အိမ်မှထွက်လာတော့သည်။

KTV အခန်းအတွင်း ဝင်သွားလိုက်သည်နှင့် ရှောင်ချောင်၏ 'သေတောင်မှ ချစ်နေမည်' ဆိုသည့် သီချင်းအော်ဆိုသံကို ကြားလိုက်ရပြီး ဘယ်သူမှ လူသစ်ဝင်ရောက်လာတာကို သတိမထားမိကြ။

ပိုင်ရှင်းယွီလည်း ရှောင်ချောင်ရဲ့လျှောက်အော်နေပုံကို မြင်သည်နှင့် အနိုင်ကျင့်ချင်သွားတာမို့ အနားသို့ ခြေလှမ်းကျဲဖြင့်လျှောက်သွားပြီး တစ်ဖက်လည်ပင်းကို သူ့လက်မောင်းဖြင့် ညှစ်ထားရင်း မျက်နှာကို ဖျစ်ညှစ်လိုက်သည်။ "သေတောင်မှချစ်နေမယ်၊ ဟုတ်လား?"

"အိုက်ရား၊ မရီး!" ရှောင်ချောင် ခေါင်းလှည့်ကြည့်၍ အံ့ဩတကြီးနှင့် မိုက်ကိုင်ထားရင်း အသံကျယ်ထအော်မိသွားသည်။

ပိုင်ရှင်းယွီ သူ့လက်မောင်းအားကို ပိုထည့်ထားတော့သည်။ "'မရီး' ဟုတ်လား?"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရှင်းယွီကော၊ ရှင်းယွီကော။ ကျွန်တော့်ကိုလွှတ်ပေးပါဗျာ။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now