Special Chapter 9

7.4K 985 66
                                    

[Unicode]

'ပိုးဟပ်ရိုက်ခြင်း'

"အားရိုး၊ ဖာ့ခ်၊ ပိုးဟပ်!" ပိုင်ရှင်းယွီတစ်ယောက် မြေပြင်ထက် တွားသွားနေတဲ့ပိုးကောင်ကိုကြည့်ရင်း ကြက်သီးများထလာတော့သည်။

စာမေးပွဲအတွက် စာလေ့လာနေရသည့်ယွီဖုန်းချန်က ခေါင်းမလှည့်ကြည့်လာဘဲပြောလိုက်သည်။ "မင်း နည်းနည်းလောက်လေး အနားပေးလို့မရဘူးလား။"

"မင်း မသိဘူး၊ ငါ ငယ်ငယ်လေးကတည်းက ဒီလိုအကောင်တွေကိုကြောက်တာ။ မြန်မြန်လာရိုက်သတ်ပေးစမ်းပါ။"

"ကိုယ့်ဘာသာလုပ်။" ယွီဖုန်းချန် သူ့ကို လျစ်လျူရှုထားလိုက်သည်။

"မင်းကို သုံးရက်လောက် အလျော့ပေးထားလိုက်တာနဲ့ ခေါင်းမိုးပွင့်ချင်နေပြီပေါ့၊ ဟုတ်လား။ မြန်မြန် ပိုးဟပ်လာရိုက်ပေး။" ပိုင်ရှင်းယွီ ထိုင်ခုံပေါ် ခုန်တက်၍ ပိုးဟပ်ကို အကြည့်မလွဲစိုက်ကြည့်နေရင်း ကြောက်လန့်နေတော့သည်။

ယွီဖုန်းချန် လှည့်ကြည့်ရင်း ခပ်ထေ့ထေ့ပြုံးသွားသည်။ "နားဝင်ချိုအောင်ပြော။"

ပိုင်ရှင်းယွီ တံတွေးမြိုချလိုက်သည်။ "လောင်ကုန်း၊ မင်း ဒီနေ့အရမ်းချောနေတယ်။"

"အရမ်းလိမ္မာတယ်။" ယွီဖုန်းချန် သတင်းစာကိုလိပ်၍ ပိုးဟပ်ကို သေအောင်ရိုက်ချလိုက်တော့သည်။

ပိုင်ရှင်းယွီ စိုးရိမ်စိတ်အချို့ဖြင့်ပြောလာသည်။ "ပြောကြတာတော့ ပိုးဟပ်တစ်ကောင်ကို သတ်ရင် သူတို့က ဥတွေအများကြီးဥလိမ့်မယ်တဲ့။ ပြီးတော့ ပိုးဟပ်တစ်ကောင်ဘေးမှာ နောက်ထပ် ၁၅ ကောင်လောက် ရှိနေနိုင်သေးတယ်တဲ့ ..."

"ဒါဆို မင်းက ငါ့ကို ဘယ်လိုလုပ်စေချင်တာလဲ။ ငါ့ကို စားလိုက်စေချင်တာလား။"

ပိုင်ရှင်းယွီ သူ့နှာခေါင်းသူပွတ်လိုက်သည်။ "ပြောရရင် မင်း တကယ်လည်းစားဖူးပြီးသားပဲ။"

ယွီဖုန်းချန် ပိုးဟပ်ကို သတင်းစာနှင့် ခပ်သယ်ပြီး ပိုင်ရှင်းယွီထံ လျှောက်သွားလေသည်။

"ငါလူး၊ မင်း ဒီနားလျှောက်မလာနဲ့။ ငါ သေသွားတာကိုမြင်ချင်တာလား!" ပိုင်ရှင်းယွီ ထိုင်ခုံပေါ် မတ်တပ်ရပ်နေရင်း လေထဲကို လက်သီးတထိုးထိုးလုပ်နေတော့သည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now