58

10.9K 1.8K 574
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ :
ဒုတိယမြောက် အသင်းသား ကျရှုံးခြင်း'

ပိုင်ရှင်းယွီ တောင်စောင်းအောက်မှ တိတ်တဆိတ် တွားသွားလိုက်သည်။ တောင်စောင်းဘေးသို့ ရစ်တွယ်ပေါက်နေသည့် အမြစ်များ ရှိတာမို့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပေးလျက်ရှိနေပေမယ့် ရန်သူများက သူနှင့် မနီးမဝေးမှာ ရှိလို့နေမည်ကို ခံစားလို့ ရနေသည်။ သူ ခေါင်းမော့ ကြည့်ရမလား တွေဝေနေရင်းနှင့် ထဖို့ လုပ်လိုက်ချိန်မှာပဲ တစ်စုံတစ်ယောက် သူ့အပေါ်မှ ဖြတ်ပြေးသွားပြီး သေနတ်သံ နှစ်ချက် ထွက်ပေါ်လာသည်။ ဒါ သူတို့အား လှမ်းပစ်သည့် တစ်ဖက်စစ်သားများ၏ သေနတ်သံပင်။

ပိုင်ရှင်းယွီမှာ အနင်းခံလိုက်ရတာမို့ သွေးအန်ထွက်မလိုတောင် ဖြစ်သွားသည်။ သူ ယွီဖုန်းချန်းကို လှည့်ကြည့်လိုက်သည်။ ယွီဖုန်းချန် သူ့အား ဆွဲခေါ်ပြီး သစ်ပင်အမြစ်များကြားထဲ တိုးဝင်သွားပြီးမှ ခေါင်းခါယမ်းရင်း အပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

သူတို့ခေါင်းအထက်တွင် ထိုလူများ ရှိလို့နေသည် ...

ရုတ်တရက် သူတို့အကုန်လုံး လျိုလျို့ အသံခပ်ကျယ်ကျယ်ဖြင့် ထပြောတာကို ကြားလိုက်ရသည်။ "အိုက်ရား တာ့ကောတို့၊ ရေလေးများ ပါကြလားဗျာ။ ကျွန်တော် ရေဆာလို့ သေတော့မယ်။"

ဘယ်သူမှ သူ့အား ပြန်မဖြေတာမို့ သူ တစ်ဖန် ထပ်မေးလိုက်သည်။ "ရေဆာလိုက်တာ။ ကျွန်တော့်ကို တစ်ယောက်လောက် အောက်ချပေးကြပါဦးလား။ ဦးနှောက်ထဲ သွေးဝင်တော့မယ်။"

လူကြီးတစ်ယောက် တီးတိုးပြန်ဖြေလိုက်သည်။ "မင်းဘာသာ ဆင်း ..."

သူ စကားပြောလို့ မဆုံးခင်မှာပဲ သေနတ်သံ ထွက်ပေါ်လို့လာသည်။ ထိုလူကြီး ဒေါသတကြီး ထခုန်ပြီး အော်ပြောလိုက်သည်။

"မင်းဘာသာ ဆင်းခဲ့စမ်းပါ!" ကြည့်ရတာ သူ အပစ်ခံလိုက်ရသည့်ပုံပင်။

လျိုလျို့ ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော်က သေနေပြီ မဟုတ်လား။"

"ဒါဆို မင်း ဘယ်လိုလုပ် စကားပြောနိုင်နေရတာလဲ။"

"တကယ် မသေသေးလို့ပေါ့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now