38

12.6K 1.9K 737
                                    

[Unicode]

'သနားဖွယ် ခေါင်းဆောင်ငယ်'

ကားပေါ်သို့ တက်ပြီးသည်နှင့် ပိုင်ရှင်းယွီ အခုလေးတင် သူ ဘယ်လောက်ထိ မိုက်ပြီး ရဲရင့်ခဲ့သလဲဆိုသည့်အကြောင်းများ၊ သူ လူရမ်းကားလေးတွေကို တစ်ယောက်ချင်းဆီ ရိုက်နှက်ပြီး သနားစရာအဖေနှင့်သမီးအား ကယ်တင်ပေးခဲ့သည် စသည့်အကြောင်းများကို ကားသမားအား ကြွားဝါပြောဆိုနေတော့သည်။ ကားဆရာက ပျော်ပျော်ကြီး နားထောင်နေပေမယ့် ဘာမှတော့ ပြန်မပြော။

အဆုံးသတ်မှာတော့ ပိုင်ရှင်းယွီ သက်ပြင်းချပြီး ပြောလိုက်သည်။ "အဲ့ကောင်မလေး ထိခိုက်မိသွားသေးလား မသိဘူး။" ပိုင်ရှင်းယွီ သူမ၏ အလွန်ချစ်ဖို့ကောင်းအောင် ကော့တက်နေသည့် မျက်တောင်ရှည်များကို ပြန်အမှတ်ရလာတော့သည်။

ယွီဖုန်းချန်၏ လက်ချောင်းရှည်ရှည်များက ပိုင်ရှင်းယွီခေါင်းကို ဘတ်စကတ်ဘောလုံးသဖွယ် ကိုင်ပြီး သူ့ဘက်ကို မျက်နှာလှည့်စေကာ ငေါ့တော့တော့ပြောလိုက်သည်။ "ငါ မင်းကို ဒီမှာ ချထားပေးခဲ့မယ်။ ပြန်သွားပြီး တစ်ချက်လောက် ကြည့်လိုက်ပါလား။"

ပိုင်ရှင်းယွီ သူ့လက်ကို ရိုက်ထုတ်ပြီး ပြောလိုက်သည်။ "ငါက ဒီတိုင်း စကားအရပြောတာ။"
'10kmတောင် ဝေးတဲ့ နေရာအထိတောင် ရောက်နေပြီကို လာနောက်နေတာလား။'

ပိုင်ရှင်းယွီ၏ စိတ်လှုပ်ရှားပျော်ရွှင်နေမှု၊ ယွီဖုန်းချန်၏ တည်ငြိမ်နေမှုတို့နှင့် ယှဉ်လိုက်ပါက ချန်းကျင်း၊ ချန်းဝမ့်ဝမ်နှင့် ကားဆရာကြီးတို့က ပူပင်ကြောင့်ကြသလိုဖြစ်နေသည်။ ပိုင်ရှင်းယွီလည်း တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီး မေးလိုက်သည်။ "ခေါင်းဆောင်၊ ဘာဖြစ်လို့လဲ။ ကြည့်ရတာ မျက်နှာလည်း မကောင်းဘူး။"

ချန်းကျင်း ပြောလာသည်။ "ဘာမှမဖြစ်ဘူး။"

ပိုင်ရှင်းယွီ သူ့မျက်နှာကို အရှေ့တိုးကပ်သွားပြီး အလျင်အမြန်ပဲ ချန်းကျင်း၏မျက်မှန်ကို ဆွဲချွတ်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။ "ခေါင်းဆောင်၊ အနီးမမှုန်ဘူးဆို မျက်မှန်မလိုဘူးလေ။ အချိန်ကြာသွားရင် သူငယ်အိမ်စောင်းသွားတတ်တာ မသိဘူးလား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now