85

17.1K 2.3K 1.2K
                                    

[Unicode]

'ယန့်ရှောင်းကျင်း၏အလည်အပတ်'

ကျန်းဆွေ့ယင်း၏ စူးရှရှအကြည့်များအောက် ပိုင်ရှင်းယွီရဲ့နှလုံးသားငယ်လေး တုန်ယင်လို့သွားပြီး ရုတ်ချည်းဆိုသလို မျှော်လင့်ချက်မဲ့သွားသည့် ခံစားချက်ဖြင့် အနည်းငယ်မျှ .. အရေးတကြီးဖြစ်လာတော့သည် ..။

သူ တံတွေးတစ်ချက်မြိုချရင်း လီယွီကို အားကိုးတကြီး မျက်စပစ်ပြနေရသည်။ "ကော၊ သောက်ထားတာများတယ်လေ။ ငြိမ်ငြိမ်ထိုင်နေ၊ မဟုတ်ရင် ထိုးအန်လိမ့်မယ်။"

ကျန်းဆွေ့ယင်း မျက်လုံးများက မှေးကျဉ်းလို့သွားသည်။ "ငါသောက်တာ များတယ်? ငါ ဘယ်လောက်သောက်နိုင်လဲ မင်း ခန့်မှန်းနိုင်လို့လား။"

သူ ပိုင်ရှင်းယွီကော်လံကို ဆုပ်ကိုင်ထားရင်း အပြင်းအထန် လှုပ်ယမ်းလာသည်။ "ပြော! ဘယ်လိုပတ်သတ်မှုလဲ!"

"ရဲဘော်ရဲဘက်လေဗျာ။ အခြားဘယ်လိုပတ်သတ်မှုမျိုး ရှိရမှာလဲ။"

"သောက်ချီး!" ကျန်းဆွေ့ယင်း ပိုင်ရှင်းယွီကို ကော်လံမှတစ်ဆင့် အရှေ့သို့ ဆောင့်ဆွဲပြီး အားနှင့် နဖူးချင်းတိုက်ချလိုက်တော့သည်။

'ဘန်း'ကနဲ မြည်သံနှင့်အတူ နှစ်ယောက်လုံး မူးဝေသွားကြသည်။

သူ့အစ်ကို တကယ် အများကြီးသောက်မိထားမှန်း ပိုင်ရှင်းယွီ အသေအချာသိနေသည်။ မဟုတ်ပါက သူ့ကို ရိုက်နှက်ဖို့ 'ရန်သူတစ်ထောင်ကို သတ်နိုင်ချိန် ကိုယ့်ဘက်က လူရှစ်ရာသေသွားရတယ်' ဆိုသည့်နည်းလမ်းကို သုံးလာမှာ မဟုတ်။ သူ့ကို ငယ်ငယ်က ရိုက်နှက်ချင်ပါက ပစ္စည်းများသာ သုံးတတ်ပြီး သူ ဘယ်လောက်ဆိုးသွမ်းနေပါစေ၊ သူ့အစ်ကို အများဆုံးလုပ်တာဆိုလို့ ခြေထောက်ဖြင့် ပိတ်ကန်ခြင်းပင်။

လီယွီ ကျန်းဆွေ့ယင်းကို ခါးမှပွေ့ဖက်ထားလျက် သူတို့နှစ်ယောက်ကို အားဖြင့်ဆွဲခွါကာ ကျန်းဆွေ့ယင်းကို ကားတံခါးဘေးတွင် ထိုင်စေပြီး သူကိုယ်တိုင်ကတော့ အလယ်တွင် ဝင်ထိုင်လိုက်တော့သည်။

ကျန်းဆွေ့ယင်း အံတကြိတ်ကြိတ်နှင့် ကုတ်ဖဲ့တော့မလို ခုန်အုပ်ဖို့လုပ်နေသည်။ "ပိုင်ရှင်းယွီ၊ အကျိုးနည်း အမှန်တရားကိုပြောစမ်းပါ။ နှစ်ကူးတုန်းက မင်း အရက်သောက်တာများပြီး ခေါ်လိုက်တဲ့နာမည်က ဘယ်သူလဲ! 'ဖုန်းချန်' မဟုတ်လား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now