42

13.1K 2.1K 1.2K
                                    

[Unicode]

[T/N : ထိပ်ဆုံးကနေ T/Nနဲ့ အမှားပြင်ဆင်ရင်း တစ်ခါတည်း တောင်းပန်ရပါတော့မယ် TT ..
Kit E textကို ဖတ်တုန်းက Breeder ဆိုတော့ သားဖွားပေးတဲ့သူလို့ ထင်လိုက်မိတာ တကယ်တော့ သားပေါက်အောင် မျိုးပေးရတဲ့သူတဲ့။ -..-
တနည်းပြောရရင် ဝက်ကြီး ယွီဖုန်းချန်က ဝက်မ မဟုတ်တဲ့ ဝက်ထီးကြီးပါ TT
တကယ်.. တကယ်ကြီး ကိစ္စကြီးတစ်ခုကိုမှ မှားရေးမိလို့ တောင်းပန်ပါတယ် ..]

'ငါက တကယ့်စစ်သားတစ်ယောက်'

ပိုင်ရှင်းယွီ လူအချို့၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး သူတို့က မျက်နှာသုတ်ပဝါ၊ အအေးဘူးများ ပေးကမ်းလာကြသည်။ သူ နောက်ဆုံးမှာတော့ သူရဲကောင်းဆန်ဆန် အနိုင်ရခြင်းဟူသည့် ခံစားချက်ကို သဘောပေါက်နားလည်လာပြီး ထိုခံစားချက်အား စွဲမက်ချင်သလိုပင် ဖြစ်လာတော့သည်။ သူ အခုလေးတင် ပြုလုပ်ခဲ့သည့် ရင်သပ်ရှုမောဖွယ် ပစ်ချက်လှလှများကို ပျော်ပျော်ရွှင်ရွှင် ပြန်သရုပ်ဖော်ပြနေမိသည်။ သူ သူ့ကိုယ်သူ ဂုဏ်ယူလျက်လည်း ရှိနေပြီး အခုချက်ချင်းတောင် သူ့မိဘနှင့် သူ့အစ်ကိုအား ဖုန်းဆက်ခေါ်ပြီး ကြွားဖို့ မစောင့်နိုင်တော့ ... အိုင်း! ပိုင်ရှင်းယွီ ရုတ်တရက်ဆိုသလို ယွီဖုန်းချန် ကတိပေးထားတာကို ပြန်အမှတ်ရလာတော့သည်။ သူသာ အနိုင်ရရှိခဲ့ပါက ယွီဖုန်းချန် သူ့အား ခွင့်တစ်လယူပေးမယ်တဲ့!

ထိုအကြောင်းတွေးမိချိန်မှာတော့ ပိုင်ရှင်းယွီ ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ပဲ ဘေးဘီကိုကြည့်ရင်း ယွီဖုန်းချန်ကို စတင်ရှာဖွေတော့သည်။

ချန်းလျန် ပြောလိုက်သည်။ "မင်း ဘာရှာနေတာလဲ။"

"ယွီဖုန်းချန်ကော?"

"သူ ပြိုင်ပွဲ နောက်တစ်ခုရှိသေးတယ်။ သွားနားနေတာ နေမှာပေါ့။"

"ငါ သူ့ကို သွားရှာစရာ ကိစ္စနည်းနည်းရှိတယ်။" ပိုင်ရှင်းယွီ မတ်တပ်ထရပ်လိုက်သည်။ "သူ ဘယ်ကို သွားနားတာလဲ။"

"မသိဘူး၊ တပ်က ဒီလောက်ကြီးတာ ... မင်း အဆောင် သွားရှာကြည့်လိုက်လေ။"

ပိုင်ရှင်းယွီ ယွီဖုန်းချန်အဆောင်ရှိရာအထိ ပြန်သွားလိုက်သည်။ အဆောင်အတွင်းတွင် ယွီဖုန်းချန် တစ်ယောက်တည်း ရှိနေတာမဟုတ်၊ သူ့ကြွက်သားများ ပြေလျော့အောင် ကူညီနှိပ်နှယ်ပေးနေသည့် သူ၏ ရဲဘော်ရဲဘက်များလည်း ရှိနေသည်။ ယွီဖုန်းချန်က သေချာသလောက် တန်းခွဲ(၃)၏ သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့တာမို့ လူတိုင်းဆီမှ အလေးပေး ဆက်ဆံမှုများကို ရရှိထားနေလေသည်။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now