56

11.7K 1.8K 563
                                    

[Unicode]

'လက်တွေ့စမ်းသပ်ပွဲ ;
သိုလှောင်ရုံကို ချောင်းမြောင်းဝင်သိမ်းခြင်း။'

ကြိုးတုပ်ခံထားရသည့် စစ်သား အကုန်လုံး တဖြည်းဖြည်း နိုးလာကြသည်။ ပျော်ပါးတက်ကြွဖွယ် မီးပုံပါတီပွဲအပြီးတွင် ဒီလိုဆက်ဆံခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားတာမို့ သူတို့အကုန်လုံး ခဏတာမျှ စိတ်ရှုပ်ထွေးသွားတော့သည်။

"ကြိုးဖြည်ဖို့ နည်းလမ်းရှာစမ်းပါ!" လျန်းရှောင်းမောင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မနေ့ကမှ ငါတို့ကို အစားကောင်းတွေ ကျွေးနေတာ တစ်ခုခုပဲလို့ ငါ ပြောနေမိသေးတယ်။"

"ကြိုးချည်ထားတာ အရမ်းတင်းတယ်။" ချန်းကျင်း ပြောလိုက်သည်။ "ငါတို့ ရုန်းနေတာ အတော်ကြာပြီ။ ပြေမလာဘူး။"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ။" တာ့ရှုန်း ဘေးဘီကို ကြည့်လိုက်သည်။ "ဓားတို့၊ ကျောက်တုံးထက်ထက်တို့ ရှိလား၊ ရှာကြပါဦး။ ငါတို့ကို ဒီတိုင်းကြီးပဲ ချည်ထားမှာမဟုတ်ဘူး။ ကြိုးဖြေမရရင် စစ်ဆေးပွဲက ဘယ်လိုလုပ် ဖြစ်တော့မှာလဲ။"

တာ့ရှုန်း မြက်ပေါ်မှ ကျောက်ခဲတစ်တုံးကို လှမ်းယူပြီး ကြိုးကို ဖိကြိတ်နေပေမယ့် လက်နောက်ပြန် တုပ်ချည်ခံထားရသည်မို့ လှုပ်ရှားနိုင်စွမ်း သိပ်မရှိဖြစ်နေပြီး အကယ်၍ ကြိုးပြတ်ရင်တောင် ညမှောင်မှ ဖြစ်သွားနိုင်သည်။

သူတို့နှင့် အဖွဲ့တူ အခြားတပ်ခွဲမှ လာတဲ့ တပ်စုခေါင်းဆောင် ဝမ်ရှန့်က ပြောလာသည်။ "အဲ့လောက် လွယ်နေမှာ မဟုတ်ဘူး။ ဒါ ငါတို့ရဲ့ ပထမဆုံး မစ်ရှင်ပဲ။"

ယွီဖုန်းချန် ခေါင်းလှည့်ပြီး သူ့လက်ကို နောက်ပြန်ချည်ထားတဲ့ ကြိုးကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ "သွားနဲ့ ကိုက်ရအောင်။ ဒါက လျှော်ကြိုး။ နည်းနည်းတော့ ထူပေမယ့် ကိုက်ဖြတ်လို့ ရတယ်။"

ယွီဖုန်းချန် ခေါင်းလှည့်ပြီး သူ့လက်ကို နောက်ပြန်ချည်ထားတဲ့ ကြိုးကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ "သွားနဲ့ ကိုက်ရအောင်။ ဒါက လျှော်ကြိုး။ နည်းနည်းတော့ ထူပေမယ့် ကိုက်ဖြတ်လို့ ရတယ်။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now