70

13.6K 2K 709
                                    

[Unicode]

[T/N : ဒီအပိုင်းကို သေချာလေး အသေးစိတ်၊ ဂရုတစိုက်နဲ့ မကျော်ပဲ ဖတ်ပေးကြနော်]

'ချစ်သူနှစ်ယောက်အတွက် ပန်းတိုင်က ရောက်လုနီး'

ယွီဖုန်းချန် အံ့အားသင့်သွားသည်။ သေချာသလောက် ပိုင်ရှင်းယွီ ဒီလိုမေးခွန်းမျိုး ရုတ်တရုတ် မေးလာလိမ့်မည်ဟု သူ မထင်ထား။ သူ စာအုပ်ကို ဘေးချလျက် ပိုင်ရှင်းယွီအနားသို့ တိုးကပ်သွားပြီး နှုတ်ခမ်းတွန့်ကွေးသွားအောင် ပြုံးရင်း ပြောလိုက်သည်။ "မင်းပြောလေ။"

ပိုင်ရှင်းယွီ သူ့အား စူးကနဲကြည့်လိုက်သည်။ "ငါ ကိုယ်ပူနေတာ၊ မင်း မဟုတ်တရုတ်တွေ လာမပြောနဲ့။"

သူ့အဖျားက ပိုဆိုးလာတာဖြစ်ရမည်။ အကြောင်းမှာ သူ့မျက်နှာတစ်ခုလုံး ပူလောင်သထက် ပူလောင်လာတာကို ခံစားနေရတာကြောင့်ပင်။ သူ့မျက်လုံးအတွင်း မျက်ဆန်လေးက တဖျပ်ဖျပ်လှုပ်လို့နေပြီး သူ့နှလုံးသားကလည်း တင်းကြပ်လို့ လာသည်။ "ဟုတ်တာလား၊ မဟုတ်တာလား .."

ယွီဖုန်းချန် ရယ်ရင်း ပြောလိုက်သည်။ "အကယ်၍ ငါက 'မဟုတ်ဘူး'လို့ ပြောချင်ရင် ဘယ်လိုလုပ်မလဲ။"

ပိုင်ရှင်းယွီ၏ နှုတ်ခမ်းပါးများ တုန်လှုပ်လို့သွားပြီး သူ ဝိုးတိုးဝါးတားအသံဖြင့် ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး ဆိုရင်လည်း ... မဟုတ်ဘူးပေါ့ ..."

ထို့နောက် သူ ရုတ်တရက် ထထိုင်ပြီး ဆဲရေးတော့သည်။ "မင်းအဘကြီးကို မဟုတ်! မင်းအထင် ဒီသခင်လေးပိုင်က ဘာအတွက်မှ မဟုတ်ပဲ အတူအိပ်မယ် ထင်နေတာလား။ ရှာကြည့်စမ်းပါ၊ မင်း!" ​

ယွီဖုန်းချန် သူ့ကို ပခုံးမှဆုပ်ကိုင်၍ အိပ်ရာထက် ပြန်တွန်းချကာ ပွေ့ဖက်ထားရင်း နှုတ်ခမ်းချင်း ထိတွေ့လျက် နမ်းရှိုက်လာတော့သည်။

ပိုင်ရှင်းယွီ သူ့မျက်နှာ ပို၍ ပူလောင်လာတာကို ခံစားနေရ၏။

ယွီဖုန်းချန် သူ့အား လုံလုံလောက်လောက် နမ်းရှိုက်ပြီးချိန်တွင် နူးနူးညံ့ညံ့ရေရွတ်လို့လာသည်။ "ဟုတ်တာပေါ့။ သေချာပေါက် တွဲနေတာပေါ့။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now