44

12.9K 2K 1.3K
                                    

[Unicode]

'ပြန်စာ : မင်းရဲ့လူ'

"ကျွန်တော့်မားက ကောကို တွေ့ချင်နေတာ။ အဲ့တာနဲ့ သူ အဘိုးကို ဖုန်းဆက်ပြီး ကောရဲ့ အိမ်လိပ်စာ လှမ်းမေးလိုက်တာ။ ကျွန်တော် သူ့ကို မလာခိုင်းလိုက်ဘူး။ ကျွန်တော်တွေးတာ၊ အင်း .. ကော ကျွန်တော့်ကို ဒေါသထွက်နေပြီး ရိုက်ချင်တယ်ဆိုလို့ရှိရင်လည်း စိတ်အေးလက်အေး ရိုက်ပါစေပေါ့။"

ကျန်းဆွေ့ယင်းက ကြက်သေ သေနေဆဲဖြစ်သည်။ ရုတ်တရက် သူ့အရှေ့ပေါ်လာသည့် ပိုင်ရှင်းယွီက ပြောင်းလဲသွားမှု ကြီးမားလွန်းတာကြောင့်လည်း ဖြစ်နိုင်သည်၊ သူ အချိန်အတော်ကြာအောင် ဒေါသ ပေါက်ကွဲမထွက်လာ။

ပိုင်ရှင်းယွီ စိတ်နှင့်ကိုယ် မကပ်သလိုဖြစ်နေသည့် ကျန်းဆွေ့ယင်းကို ကြည့်ရင်း အတော်လေးကို နေရကျပ်လာတော့သည်။ သူ သူ့အစ်ကိုကို အခုအခြေအနေတွေ ဘယ်လိုတွေရှိလဲဟု မေးချင်နေပေမယ့် သူ့ဘက်မှ စတင်ပြီး စကားမပြောရဲ။

ကျန်းဆွေ့ယင်း ကွဲအက်အက်အသံနှင့် ပြောလိုက်သည်။ "မင်း ဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ။"

"ကျွန်တော် ဒီနေ့ပဲ ပြန်ရောက်တာ။ ပြန်ရောက်တာနဲ့ ကောကို ချက်ချင်း လာတွေ့ချင်တာပဲ။ ကော .. ဒီတစ်ကြိမ်တော့ ကျွန်တော် ထွက်မပြေးတော့ဘူးလို့ ကတိပေးပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်၊ ကော။ ကျွန်တော် မသိမိုက်မဲ ဖြစ်ခဲ့တယ်။ ကျွန်တော် အရမ်းလည်း နောင်တရနေပါပြီ။ ကော ကျွန်တော့်ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်။ ကော ကြိုက်သလိုလည်း ကျွန်တော့်ကို ရိုက်လို့ရပါတယ်။"

ကျန်းဆွေ့ယင်း သူ့အား မှုန်သုန်သုန် ကြည့်လိုက်သည်။ "မင်းကို ရိုက်ဖို့တောင် ပျင်းတယ်။"

"ဘာမှမဖြစ်ဘူး၊ ကော ရိုက်ချင်တဲ့အချိန် ရိုက်လို့ရတယ်။ ကောက ကျွန်တော်ရဲ့ကောပဲ။ ကောအပေါ်ကိုမှ ကျွန်တော် အမှားတွေလုပ်ခဲ့မိတယ်။ ကော ..." ပိုင်ရှင်းယွီ မျက်နှာချိုသွေးကာ နှုတ်ခမ်း ဆူထော်လိုက်သည်။ "ကော၊ ကျွန်တော့်ကို စိတ်မတိုပါနဲ့တော့။ ကျွန်တော်မှားပါတယ်၊ ကျွန်တော် တကယ်မှားတာ။ ဒါပေမယ့် အခု ကျွန်တော် ပြောင်းလဲနေပြီလေနော်။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now